"တောက်ခ်!''တောက်ခေါက်သံနဲ့အတူ လက်သီးကိုကျစ်လစ်စွာဆုပ်လျက် Doyoung ကျောင်းခန်းထဲမှ ထွက်လာခဲ့သည်။
ထို့နောက်ကျောင်းဘောလုံးကွင်းထဲသို့သာဦးတည်ခဲ့၏။
"So Jung Hwan!''
စိတ်တိုတဲ့လေသံနဲ့ခေါ်လာသောဒိုယောင်းကြောင့် ကျောင်းသားများ ကစားနေတာရပ်ပြီး ဒိုယောင်းကို စိုက်ကြည့်လာကြသည်။
Junghwan စိတ်တိုနေတဲ့ ဒိုယောင်းဆီလျှောက်လာရင်း ပါးနှစ်ဖက်ကိုဆွဲညှစ်လိုက်၏။
"Umm Wuri ချစ်စရာ Doyoungie ကဘာလို့ ဒီလောက်ဒေါသထွက်နေရတာပါလိမ့်''
Doyoung သူ့ပါးကိုညှစ်ထားတဲ့လက်တွေကိုပုတ်ချရင်း
"မင်းဘယ်ချိန်ထိ အခုလိုလိုက်လုပ်နေမှာလဲSoJunghwan''
"ဘယ်ချိန်ထိလည်းဆိုတော့ မပြောတတ်ဘူးလေ အမြဲတမ်းလည်းဖြစ်နိုင်တာပဲ''
Doyoung ပြုံးစိစိဖြစ်နေသော Junghwan ကိုကြည့်ပြီး ပိုလို့စိတ်တိုလာရသည်။ လက်သီး ဆုပ်ကလေးတင်းနေပြီး မျက်ရည်တွေတောင် ဝဲတက်လာရတဲ့အနေထားဖြစ်သည်အထိပင်။
" မင်းစောင့်ကြည့်နေလိုက်''
"အင်းပါအင်းပါ ''
ဒိုယောင်းဘာမှဆက်မပြောတော့ဘဲ Junghwan ရဲ့ပုခုံးကိုသာတွန်းတိုက်ပြီးထွက်လာခဲ့လေသည်။
ထိုစဥ်ဘေးတဖက်မှ Jihoonရောက်လာပြီး...
"Junghwanah ဘာလို့ Doyoung ကမင်းကိုအဲ့လောက်ဒေါသထွက်နေရတာလဲ ''
"အွန်း.ဘာလို့လဲဆိုတော့ Hyung သိလား ရှေ့အပတ်က သိပ္ပံအခန်းထဲမှာသန့်ရှင်းရေးလုပ်ရတယ်လေ''
Paji ခေါင်းတငြိမ့်ငြိမ့်ဖြင့်။ ဒိုယောင်းဆိုတာ ခပ်တည်တည်နေလို့တော်ရုံလူ သွားစရဲတာမဟုတ်။ အင်းဆိုဂျောင်ဟွမ်ကတော့ ချွင်းချက်ဖြစ်သွားပြီ။
"အင်းအဲ့ဒီတော့...''
"အာ အဲ့တုန်းက သူနဲ့ကျွန်တော် နှစ်ယောက်ပဲကျန်ခဲ့တာမလို့ ဒါပေမယ့် ကျွန်တော် စကားအများကြီးပြောနေတာတောင် တလုံးတောင်ပြန်မပြောဘူး Hyung တွေးကြည့် အတော်ဆုံးကျောင်းသားဖြစ်လို့ လူတိုင်းကိုအဲ့လိုဆက်ဆံနေတာကြီးတော့မဟုတ်ဘူးမလား''
YOU ARE READING
Again and again [Completed]
Fanfiction"So Junghwan ဘယ်ချိန်ထိငါ့ကိုနှောက်ယှက်နေမှာလဲ အခုပဲဖြစ်ဖြစ်ငါ့ကိုလွှတ်ထားပေးပါတော့ ငါတောင်းပန်ပါတယ်'' 𝙏𝙝𝙞𝙨 𝙛𝙞𝙘 𝙨𝙩𝙖𝙧𝙩𝙚𝙙 𝙤𝙣 𝙅𝙪𝙡𝙮 22 2022 𝙈𝙮 𝙛𝙞𝙧𝙨𝙩 𝙛𝙞𝙘𝙩𝙞𝙤𝙣