part 10

591 64 3
                                    

တစ်နေရာသို့မောင်းကာကားရပ်လိုက်သောထယ်ယောင်း

"hyungအရှေ့ခုံကိုလာခဲ့"

"မလာနိုင်ဘူး"

ကျတော်ရဲ့ကားသော့ကိုယူကာမောင်းလာသောမောင်က ကျတော့်ကိုဘောက်ဆတ်ဆတ်ပြောတော့ စိတ်တိုပြီးအော်ပြောလိုက်သည်

"hyungလာလို့ပြောနေတယ်နော်"

"ငါကလည်းမလာဘူးလို့ပြောနေတယ်လေ"

"hyung"

"ဘာလဲ"

ဘယ်လိုပြောပြောမလာသောhyungကြောင့်ကျနော်ကပဲနောက်သို့သွားရတော့သည်
ကျတော်သွားတော့ကားတံခါးဘက်ကိုမျက်နှာပေးထိုင်နေသောhyung

"hyungကျတော့်ကိုလှည့်စားနေတာလား"

ထိုသို့ပြောတော့ကျတော်ဘက်ကိုကြည့်လာသောhyung

"ငါကဘာတွေလုပ်နေလို့လဲ"

"ကျတော်ကိုကြိုပေးဖို့hyungပြောတုန်းကပြောပြီးmin yoongiနဲ့အတူတူရှိနေတာကဘာလဲ"

"သူကငါ့သူငယ်ချင်းလေ
ခြေထောက်ခိုက်မိလို့ငါက ကားနဲ့မုန့်လိုက်ကျွေးတာလေ"

"hyungကျတော်ကိုဘာမှမပြောဘဲနဲ့သူနဲ့သွားတာလွန်လွန်းတယ်ဗျာ
ကျတော်မကြိုက်တာသိရဲ့သားနဲ့"

"မင်းကျောင်းချိန်ကြီးမို့ငါမပြောတာလေ
ပြီးတော့yoongiကငါ့သူငယ်ချင်းအရင်းခေါက်ခေါက်လေ"

"ကျတော်ကသူနဲ့သွားတာကိုမကြိုက်တာhyungသိရဲ့သားနဲ့ကျတော့်ကိုအရွဲ့တိုက်နေတာလား.."

"kim taehyung မင်းလွန်လာပြီနော်
မဟုတ်ဘူးလို့ငါကမင်းကိုအရွဲ့တိုက်စရာလား"

"နောက်တခါyoongiနဲ့မတွေ့နဲ့တော့"

"တွေ့မှာပဲ"

"HYUNG!!!"

ကျတော်အော်လိုက်တာနည်းနည်းကျယ်သွားတယ်ထင်သည်
hyungမျက်ရည်တွေဝိုင်းလာသည်

"ယူတောင်မယူရသေးဘူးငါ့ကိုအော်တယ်
မင်းနဲ့ပြတ်မယ် လက်ထပ်ပွဲလည်းဖျက်လိုက်တော့မယ်
ငါကိုခုချက်ချင်းအိမ်ပြန်လိုက်ပို့"

အတည်ပေါက်ကြီးပြောချလာသောhyungကြောင့် ကျနော် ပြာပြာသလဲတောင်းပန်ရတော့သည် ။hyungကျတော့်ကိုထားသွားလို့မဖြစ်ဘူး hyungသာထားသွားရင်ကျနော်သေနိုင်လောက်တယ်

hyungကမောင့်အပိုင်Where stories live. Discover now