"ဟေ့ရောင် ဂျီမင်း
မင်းလဲဆက်မပြေးနဲ့တော့
ငါလဲမလိုက်နိုင်တော့ဘူး
ငါမောလို့ငါ့ကိုကူတွဲပေးဦး"
"ရတယ်လေ
မင်းငါ့ကိုမရိုက်ဘူးလို့အာမခံနိုင်လား"
"အေး"
"ငါမင်းကိုသိပ်မယုံရဲဘူး"
ဒီကောင်စျေးကိုင်နေတာကျွန်တော်သိသည်
"ငါမင်းကိုနေ့လယ်ကန်တင်းမှာအဝ
ဝယ်ကျွေးမယ်ကွာ"
"အွန်း..
ဒီကမ်းလှမ်းချက်ကိုတော့ငါလက်ခံတယ်"
"လာ..အတန်းထဲသွားရအောင်"
ကျွန်တော်သူ့ကိုကူတွဲပြီးအတန်းထဲခေါ်သွားလိုက်သည်
ကျတော်ကအပြေးသန်တယ်လေ
အာ့ကြောင့်တော်ရုံဆိုမမောဘူး..
"ေဟ့ရောင်ငထယ်မင်းက ကိုယ်လုံးသာတောင့်တာ
ပြေးတာကအဖြစ်ကိုမရှိဘူး.."
"မင်းလိုတော့အရပ်မပုဘူးဟေ့ကောင်ပြီးတော့
ငါကစော်ကောဘဲကောကြည်တယ်"
"မင်းကအားနေဒီအရပ်ဘဲလာပြီးတိုက်ခိုက်နေတယ်..."
ဒီလိုနဲ့စာသင်
ကန်တင်းသွား... ဒါတွေကကျောင်းရဲ့တနေ့တာအလုပ်
.
.
.
ကျောင်းဆင်းပြီဆိုတော့hyung ကိုစောင့်နေလိုက်သည်
ဟော..ကျတော်ရဲ့မျှော်သူလေးရောက်လာပြီ
"ထယ်ယောင်း စောင့်နေတာကြာသွားလားဟင်"
"မကြာပါဘူ hyungရဲ့"
"ထယ်ယောင်း
ကားပေါ်တတ်တော့လေ"
"အွန်း"
"ဒီလိုနဲ့ကျေနာ်ရဲ့အပြန်လမ်းလေးကလည်းသာယာခဲ့ပါတယ် တစ်ယောက်သောသူကြောင့်"
အိမ်ပြန်ရောက်တော့ကျတော်ရဲ့ချစ်လှစွာသောappaနဲ့ommaကဧည့်ခန်းထဲမှာထိုင်ပြီးစကားပြောနေကြတယ်
"ကျနော်ပြန်ရောက်ပါပြီ"
"အော်.သားတောင်ရောက်လာပြီပဲ
ဒီမှာခဏလောက်လာထိုင်ပါဦး"
"ဟုတ်ကဲ့
ommaဘာပြောစရာရှိလို့လဲဟင်"
"ommaပြောမှာမဟုတ်ဘူးမင်းappaပြောမှာ"
"ဟုတ်
appaဘာပြောမို့လဲဟင်"
"သားထယ်ယောင်းမင်းလည်းအရွယ်ရောက်ပြီဆိုတော့appa ဆီမှာအလုပ်လုပ်သင့်နေပြီ"
