မျက်နှာငယ်လေးနှင့်ကျနော်ဘေးနားလာထိုင်သောhyung
"မောင် စိတ်မဆိုးနဲ့တော့နော်hyungတောင်းပန်ပါတယ်.မောင်စိတ်ဆိုးရင်ငါမနေတတ်လို့ပါ
နော်....နော်လို့...."
ကျနော်လက်မောင်းကိုခါရမ်းကာပြောနေသောhyungက မုန့်မရလို့ချွဲနေသောကလေးပေါက်လေးအတိုင်းချစ်ဖို့ကောင်းလိုက်လေခြင်း။
ဒီက ကင်ထယ်ယောင်းက
မောင်လို့ခေါ်တာနဲ့တင်အရည်ပျော်နေတာကို
hyungကမသိလေသလား။
"မောင်..
ငါမေးနေတယ်လေ ဘာလို့ပြန်မဖြေတာလဲ
မောင်..ငါက..အွန့်.."
နှုတ်ခမ်းလေးဆူကမေးနေသောhyungက
လာနမ်းလှည့်ပါလို့ဖိတ်ခေါ်နေသယောင်
ကျနော်ကထိုနှုတ်ခမ်းလေးကိုအကြိမ်ကြိမ်ပစ်မှားမိနေသူမို့စိတ်မထိန်းနိင်ပဲခေါင်းလုံးလုံးလေးကိုထိန်းကာနမ်းမိလေတော့
ကျနော်ကိုထုရိုက်နေသူလေး
ရုတ်တရက်နမ်းလိုက်သောမောင်ကြောင့်ရင်တွေအဆမတန်ခုန်ရပါသည်
နမ်းတာကြာလာသည်နှင့်အမျှအသက်ရှုပါခက်လာလို့လွှတ်ရန်ရင်ဘက်ကိုထုရိုက်နေမိသောကျနော်
နှမြောတသနဲ့လွှတ်ပေးလိုက်ပြန်တော့ပါးစပ်လေးဟကာလေကိုအသည်းအသန်ရှုနေသူလေး
"မောင်...
ဒီမှာမင်းလုပ်တာနဲ့ငါအသက်ရှုကြတ်ပြီးသေတော့မယ်"
"hyungထပ်နမ်းလို့ရသေးလား"
"မောင်..တော်ပြီလေ
ငါေမာနေပြီ"
"နောက်တခေါက်တည်းပါ.."
"မရဘူး"
"hyungကလည်းကပ်စေးနှဲလိုက်တာတကယ်ပဲ
မောင်ကစိတ်ဆိုးမပြေသေးဘူးနော်"
"မောင်ဘာသာကြိုက်သလောက်စိတ်ဆိုးတော့
ထပ်မချော့နိုင်တော့ဘူး။
လူကိုတအားအသားယူတာပဲ"
"hyungကလည်းနမ်းပဲနမ်းတာကို
ပြီးတော့ကျနော်စိတ်ဆိုးပြေ ပါပြီ"
"စိတ်ဆိုးပြေရင်လည်းပြန်တော့"
"hyungကမောင်းထုတ်နေတာလား"
"ငါရေချိုးတော့မယ်လေ
အဲ့တာကြောင့်ပြန်တော့လို့"
"အွန်းပါ
မပြန်ခင်တခါလောက်ပေးနမ်းပါလား"
