1

31.3K 1.3K 40
                                    

သျှမ်း ရီဝေဝေအသိတို့နဲ့ ကျိမ်းစက်နေတဲ့မျက်လုံးတွေကိုဖွင့်ပြီး မိမိရောက်နေတဲ့ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည် ။

အခန်းသည် နံရံကပ်ညမီးဆီမှ အလင်းရောင်အချို့သာထွန်းလင်းနေပြီး အပြင်လောက၏အမှောင်ကြောင့်ဘာကိုမှမသဲကွဲ ။

သူမြင်သလောက်ကတော့ ခရမ်းနုရောင်ဆေးသုတ်ထားတဲ့မျက်နှာကျက်ရယ် အခုသူရောက်နေတဲ့ ၂ ယောက်အိပ်ကုတင်ကျယ်ကြီးရယ်။

ပြီးတော့ဘေးနားက ပူနွေးနွေးအထိအတွေ့နှင့် လက်မောင်းနားမှာခွေအိပ်နေတဲ့ ခပ်ဝဝကြောင်ကြီးတစ်ကောင်။

မူးနောက်နေတဲ့ခေါင်းကိုဖိပြီး ကုတင်ပေါ်ကဆင်းသည်။

ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့အဝတ်အစားတွေကလဲ သူ့အဝတ်အစားတွေမဟုတ်။

သေချာတာကတော့ ဒါသူ့အခန်းလဲမဟုတ်နေပေ။

နှာခေါင်းထဲတိုးဝင်လာသော စိမ်းရွှေရွှေအနံ့၏လားရာကိုကြည့်လိုက်တော့ ကုတင်နဲ့ကပ်လျက်စားပွဲပေါ်မှာတင်ထားတဲ့ အနီရောင်နှင်းဆီပန်းအိုးဆီမှဖြစ်နေသည်။

မုန်းလိုက်တာ ပန်းတွေကို ။ အထူးသဖြင့် ဒီလိုနှင်းဆီပန်းမျိုးတွေ ။ အမြင်သာလှပြီး သူတို့ကိုသေချာမပြုစု၊မစောင့်ကြည့်နိုင်ရင် ခဏလေးနဲ့နွမ်းသွား၊သေသွားတတ်တဲ့ ဆူးခြံရံပြီးအားနည်းချက်ကိုဖုံးကွယ်ထားတဲ့ပန်းမျိုး.....။

သူတို့နဲ့စာရင် လမ်းဘေးမှာပေါက်တဲ့ ခွေးသေးပန်းကမှသာဦးမယ်။

စိတ်ထဲသဘောမကျရင် မျက်စိရှေ့မှာလဲကြာကြာမထားချင် ။ စားပွဲခုံဘက်တိုးသွားပြီး ပန်းအိုးကိုလက်နဲ့လွှဲရိုက်ချလိုက်၏။

'ခွမ်း

ပန်းအိုးကျကွဲသံနဲ့အတူ ပန်းတွေဟာလဲပြန့်ကျဲပြီး ကြမ်းပြင်ပေါ်မှာ ရဲရဲနီသွား၏။ သူ မဲ့ပြုံးအချို့နဲ့ ထိုမြင်ကွင်းကိုကြည့်နေလိုက်သည်။

ကောင်းတယ် အဲ့ဒါငါ့မျက်စိရှေ့ရောက်လာမိတဲ့ နင်တို့ရဲ့အမှားပဲ။

ထို့နောက် သူ အခန်း၏အနေအထားကို အကဲခတ်လိုက်၏။ သူရောက်နေသောနေရာက အိပ်ခန်းတစ်ခန်းပင်။

11:11(ရင်နှင့်ရင်း၍)   [Complete]Where stories live. Discover now