Extra 5

10.5K 476 2
                                    

ပုဇွန်ဆီရောင် ကောင်းကင်ကြီးရဲ့ အောက် ပျောက်ကွယ်စ နေလုံးကြီးကိုနောက်ခံထားပြီး ဧရာဝတီမြစ်ကြီး၏အလှကို ဘန်ဂလိုအိမ်လေးရဲ့ပြတင်းပေါက်ဆီကနေ သျှမ်းမေးလေးထောက် ပြီးအေးချမ်းစွားငေးမောကြည့်နေ၏။လေဝှေ့လိုက်တိုင်း သျှမ်းရဲ့ ဆံစတို့က အပေါ်ကိုပဲတက်သွားပြီး ဘေးတိုက်အနေအထားကနေ မျက်ခုံးတန်းထောင့်က မှဲ့နက်ကလေးက အထင်းသာမျက်တောင်ရှည်ရှည်ကြီးတွေ၊ ပါးလှပ်လှပ်ပန်းဆီ ရောင်နှုတ်ခမ်း သားတွေရဲ့ပနံသင့်လိုက်ဖက်နေမှုတွေဟာ ဒါဟာအမျိုးသား တစ်ယောက်မှာရှိသင့်တဲ့အလှတရားမှဟုတ်ပါလေစဟုထင်မှတ်မှားရလောက်သည်။ နှုတ်ခမ်းထက်မှာလည်းနူးညံ့တဲ့အပြုံး တစ်ခုကို ဆောင်ထားသေးသလို ပေါင်ပေါ်မှာလဲ လသားအရွယ်အိပ်ပျော်နေတဲ့ ကလေးငယ်လေးကိုလည်း ပွေ့တင်ထားသေးသည်။

သူရဲ့ ရှည်ရှည်သွယ်သွယ်လက်ချောင်းတွေနဲ့ ထိုကလေးငယ်၏ ပါးပြင်လေးတွေကို ပွတ်သပ်ပေးနေရင်း အပြုံးပန်းဝေနေတဲ့ သျှမ်းကြောင့် ကြည့်နေရင်းထိုကလေးငယ်ကိုတောင် ဂုဏ်မနာလိုဖြစ်မိနေပြီ။

"မတ်မတ်ထိုင်နေစမ်း မောင်..ပြီးတော့ ဖောင်းဖောင်းမင်းရောပဲ။ လက်ကိုသေချာမြှောက်ထား "

ကြမ်းပြင်မှာမျက်နှာငယ်လေးတွေနဲ့ ဒူးထောက်လက် မြှောက်နေကြပသာသားအဖနှစ်ယောက်ဆီကို သျှမ်းရဲ့ အကြည့်တွေ ရောက်သွားချိန်မှာတော့ခုနကအကြည့်တွေ ၊ အပြုံးတွေ အကုန်ပျောက် ကွယ်သွား၏။ တစ်ဆက်တည်းနှာတံဖြောင့်ဖြောင့်ပေါ်မှာ မှေးတင်ထားတဲ့ ရွှေကိုင်းမျက်မှန်မှ အလှတတ်ကြိုးလေးကလဲ လက်ခနဲ။ ဒီခရီးဟာ ယနေ့မှာကျရောက်တော့မယ့် ဂုဏ်နဲ့သူနဲ့စနစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အတွက် နှစ်ရက်လောက်ကြီးပြီးရောက်နှင့်နေကြတဲ့ခရီးဖြစ်သည်။

နှစ်ပတ်လည်ကို အထူးတလည်လေးဖြစ်အောင် ကိုယ်တွေ မိသားစုတွေချည်း ငြိမ်းငြိမ်းချမ်းချမ်းအပန်းဖြေလို့ရတဲ့ နေရာလေးမှာ အနားယူရင်းနေ့ရက်လေးတွေကို ကုန်ဆုံးချင်ခဲ့တာ။ ဒီခရီးအတွက်ကို သျှမ်းမှာ သေသေချာချာကို အချိန်ပေးပြီး နေဖို့ထိုင်ဖို့နှင့် ပစ္စည်းပစ္စယာကအစ၊ အစစအရာရာစီစဉ်ထားရတာဖြစ်၏။ အများကြီးအားခဲကား ကာမှာ လာခါနီးမှ ဂုဏ်နှင့် ာင်းဖောင်းတို့ အဆော့လွန်အပျော်မက်ခြင်း တို့ကြောင့် အဝတ်အစားအိတ်တစ်အိတ်ကျန်နေခဲ့သည်။ ခရီးသွားရတာမှာ ပါရမယ့်ပစ္စည်းအစုံအလင်မပါရင်ကသိကအောင့်ဖြစ်ရတာတွေ ကြောင့် သျှမ်းတော်တော့်ကိုစိတ်တိုပါသည်။

11:11(ရင်နှင့်ရင်း၍)   [Complete]Where stories live. Discover now