5

11.6K 765 36
                                    

ကိုယ့်ကို တင်းတင်းကျပ်ကျပ်ဖက်ပြီး အိပ်နေတဲ့ ရင်ခွင်ကျယ်ကြီးဟာ အေးစက်နေတဲ့ မိုးမနက်ခင်းမှာတောင် ပူကျစ်နေတာကြောင့် ဘေးက ကိုယ်ပါပူလောင်စွာနဲ့ နိုးထလာခဲ့ရတယ်။

ခါးကိုဖက်ထားတဲ့ ထိုလက်က ပူကျစ်နေတဲ့အပြင် ထိုလက်ပိုင်ရှင်က အသံတိုးတိုးလေးနဲ့ ညည်းနေသေးသည်။

နားရွက်ဖျားကိုလာထိတဲ့ လေကအစ ပူနွေးနေတော့ သျှမ်း နောက်ကိုပြန်လှည့်ကြည့်လိုက်မိ၏။

နဖူးပြင်မှာ ချွေးသီးတွေကျနေပြီး နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေတဲ့အထိ အဖျားရှိန်တက်ကာ ယောင်ယမ်း ညည်းညူနေပါသော ဂုဏ်ရှိန်မင်းမြတ်.. ....။

ညက ခေါင်းရေစိုကြီး အိပ်တော့ စိတ်ထဲကတော့ နဲနဲထင်မိလိုက်သေးသည်။

ငုတ်တုတ်ထထိုင်ပြီးတော့ နဖူးပေါ်လက်တင်စမ်းမိတော့....အားလားလား....ပူတာများကျစ်နေတာပါပဲလား။

ဒါနဲ့များ မနေ့ညက ကမြင်းကြောကထ,လိုက်သေးတယ်.....။

ဒါမျိုးကျရင်အားတွေရှိနေလိုက်တာများ......။

ဂုဏ်နဲ့ပက်သက်သမျှဟာ ကိုယ့်အတွက် ဝန်ထုတ်ဝန်ပိုးတွေပဲ လို့မှတ်ယူထားပေမဲ့ အိမ်ထောင်ရေးဆိုတာ မမြင်နိုင်တဲ့ကြိုးတွေနဲ့ ချည်နှောင်ထားတဲ့ ပက်သက်မှုတစ်ခုမို့ ကြိုးမပြေခင်အထိတော့ ဝတ္တရားတွေနဲ့ လုံးထွေးနေရဦးမယ်။

ဝတ္တရားကရှိနေတော့ ဒီလိုအခြေအနေမှာ ဂုဏ့်ကိုလျစ်လျူရှုလို့မရပါ။

အိပ်ရာပေါ်ကဆင်းပြီး ရေဇလုံနဲ့ တဘက်တစ်ခုပြင်ဆင်ပြီး ဖျားနေတဲ့သူကို ရေပတ်တိုက်ဖို့လုပ်ရတော့တယ်။

မိသားစုဆရာဝန်ကို ဖုန်းဆက်ခေါ်ပြီး အခန်းထဲကသားကို သွားနှိုးကာ ဒေါ်မြလက်ထဲ အပ်ထားလိုက်၏။

ဂုဏ့်လက်ထဲမှာ အကျင့်ပျက်နေတဲ့သားက အရင်လိုမနက်စောစောထရရင် သိပ်မကြည်သာချင်ဘူး။

ဂုဏ်သိရင်တော့ သူ့သားကို သူများလက်ထဲထားထားလို့ ကျိမ်းသေဆူမှာပေမဲ့ မတတ်နိုင်ပါ။

ကိုယ့်နားမှာထားရင်လဲ သားကအငြိမ်မနေတာနဲ့ ဂုဏ့်ဆီကအဖျားကူးဦးမယ်.....။

11:11(ရင်နှင့်ရင်း၍)   [Complete]Where stories live. Discover now