30

8.7K 524 51
                                    

ဖောင်းဖောင်း သူ့ပေါင်ပေါ်မှာ နေရာတကျဖြစ်သွားပြီဆိုတာနဲ့ အစည်းအဝေးပွဲအတွင်းရှိလူတွေအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး စကားစ,သည်။

အလွန်တရာအေးစက်မာကျောလှသောအသံဖြင့်

"ဆိုတော့.....ကွေ့ဝှိက်မနေကြဘဲ လိုရင်းပဲပြောကြရအောင်....ကျုပ်သိပ် အချိန်မရလို့။ ကျုပ်နာမည် သျှမ်းစေသုတ!! အခု အစည်းအဝေးမှာ ဖြုတ်ချဖို့ကြံနေကြတဲ့ လက်ရှိဥက္ကဋ္ဌ ဂုဏ်ရှိန်မင်းမြတ်ရဲ့အမျိုးသား"

သူ့ကိုယ်သူအေးအေးဆေးဆေးမိတ်ဆက်သွားပြီး ခဏနားကာ ဖောင်းဖောင်းကို ချောကလက်လေးဖောက်ပေးနေသည်။

Share ရှင်များနဲ့ ဘုတ်အဖွဲ့ဒါရိုက်တာများက အခုမှတွေ့ဖူးပြီး သူ့ကိုယ်သူမိတ်ဆက်ကာ ဥက္ကဋ္ဌ၏ထိုင်ခုံမှာ ပိုင်စိုးပိုင်နင်းဝင်ထိုင်ပြီး မျက်နှာပြောင်တိုက်လှတဲ့ သျှမ်းကို တအံ့တသြဖြင့်ဝိုင်းကြည့်နေကြသည်။

သူတို့ကြည့်ရတာ သျှမ်းရဲ့လုပ်ပုံကို အံ့သြလွန်းလို့ စကားစ,ပင် ရှာမရတော့သည့်ပုံမျိုး။

သျှမ်းဆိုတာကလဲ မပြောမဆိုနဲ့ ကုမ္ပဏီရဲ့ထိပ်သီးပုဂ္ဂိုလ်တွေချည်းပဲတက်ရောက်ရတဲ့ အခုလိုအစည်းအဝေးကို လမ်းဘေးပွဲစျေးတိုးသလို ခပ်ရဲရဲဝင်လာပြီး ပမာမခန့်ထိုင်ပြနေတာလေ။

ဖောင်းဖောင်း ပါးစပ်ထဲ ချောကလက်တစ်ကိုက်စာလောက်ဝင်သွားသည့်အချိန်မှ

"ခုနကပြောသလိုပဲ တိုတိုတုတ်တုတ်ပေါ့.....အခုဥက္ကဋ္ဌကို ထောက်ခံတယ်ဆိုတဲ့လူတွေက ဘယ်ဘက်မှာလာစုပေးပြီး၊ မထောက်ခံဘူး...ကိုယ့်ကိုယ်ကို ဥက္ကဋ္ဌ ဖြစ်ဖို့အရည်အချင်းရှိတယ်လို့ ထင်တဲ့သူက ညာဘက်အခြမ်းမှာ သွားစုပေးကြပါ"

ဟူသည့် သျှမ်းရဲ့စကားဆုံးချိန်တွင် လူကြီးပိုင်းများအားလုံး ရှူးရှူးရှားရှားဖြစ်ကုန်ကြပြီ။

စားပွဲခုံရှည်ကြီးကို တဗုန်းဗုန်းထုနေကြရင်း

"ရာရာစစ....အခုမှရောက်လာတဲ့ကောင်က ငါတို့ကိုအမိန့်လာပေးနေတယ်....မင်းကိုယ်မင်း ဘာကောင်မှတ်နေတာလဲကွ"

11:11(ရင်နှင့်ရင်း၍)   [Complete]Where stories live. Discover now