6

11.4K 737 69
                                    

"အား...ကောင်းတယ်..ဟုတ်တယ်...အာ့....အဲ့နေရာလေး.....အား....ကောင်းလိုက်တာ"

အထင်မလွဲကြပါနဲ့။

ဒီအသံတွေကတော့ ဂုဏ်ရှိန်မင်းမြတ်က သားဖြစ်သူ မိုးဦးမောင်ရဲ့ အနင်း၊အနှိပ်ကိုခံနေရာမှ ထွက်လာတဲ့ အသံတွေပါ။

ဖအေလုပ်တဲ့သူကလဲ လက်ပိစိကလေးတွေနဲ့ နှိပ်ပေးနေတဲ့သားဖြစ်သူရဲ့ အပြုအစုကို မရသာ၏၊ရသာ၏ ငြိမ်ခံရင်း ဇိမ်ယူနေသလို .... သားလုပ်တဲ့သူကလဲ သူနှိပ်ပေးတာကို ဖအေက သဘောကျတယ်ဆိုပြီး အားကြိုးမာန်တက် ဖအေဆီကနေ အမှတ်ယူနေတာပါ။

သျှမ်းကတော့ ဂုဏ့်အတွက် ဆန်ပြုတ်နဲ့ သားအတွက်ထမင်းကို လိုက်ခွံ့ပေးနေရင်း ပြောမနိုင်ဆိုမနိုင် သားအဖကို ခေါင်းရမ်းပြီးသာ ကြည့်နေလိုက်ပါတော့တယ်။

ဖျားနေလို့ သားအနားသိပ်မကပ်နဲ့လို့ ပြောထားလဲ ပြောပြောပင်။

သျှမ်း၏ အဆူအဆဲအသံက ဂုဏ့်နားထဲ သကာရည်လောင်းချသလိုများ မှတ်နေလားမသိ။

သားလုပ်တဲ့သူကလဲ သျှမ်းလက်ထဲမှာထက် ဂုဏ့်လက်ထဲမှာက လက်ပိုသာ၍ ဂုဏ့်နားကမခွာ။

အေး.....ပျော်နေကြဦးပေါ့။

နှစ်ကောင်လုံးဖျားလို့ကတော့ ပစ်ကိုထားလိုက်ဦးမယ်။

"ပါပါး"

"အင်း"

"ပေပေမှာ နာနာ"

"ဟင်...ဘာလဲ"

"ပေပေ့ ဒီမှာ နာနာတွေ"

ဖောင်းဖောင်းက သူ့လည်ပင်းနေရာလေးတွေကို လက်နဲ့လိုက်ထိပြပြီး တစ်ခုခုကို ဂုဏ့်အားပြောပြနေ၏။

မပီကလာ၊ပီကလာဆိုတော့ ဂုဏ်ရော သျှမ်းရော သားဖြစ်သူ ဘာကိုဆိုလိုမှန်း နားမလည်။

"နာနာ ...ဟုတ်လားသား?? ဖေဖေ့မှာလား"

"အွမ်း"

"ဘယ်မှာလဲ"

သျှမ်း သားအနားကိုကပ်ပြီးမေးတော့

"ဒီမှာ.. .."

သျှမ်း ကော်လံစကိုမ,ပြီး သားက လည်ပင်းနေရာကို လက်ညှိးလေးနဲ့ထောက်ပြသည်။

"ဟင်!..ဟုတ်လား ဖေဖေ့ အဲ့နားမှာ အနာရှိတယ်လား.သား...."

ဖောင်းဖောင်း ခေါင်းညိတ်ပြ၏။

11:11(ရင်နှင့်ရင်း၍)   [Complete]Where stories live. Discover now