<Unicode>
ရန်ကုန်မြို့ရဲ့ နာမည်ကြီးဘားတခု၌
ခွပ် ဒုန်း ခွမ်း"ဟျောင့် ဇ မရှိပဲ မင်းအနဂ္ဂနောင်ဆိုတဲ့ ကောင်ကိုလာမစမ်းနဲ့ မင်းရှင်းချင်ရင်မင်းစော်ကိုအရင်ရှင်း ငါ့ကိုတော့ဇယားလာမရှုပ်နဲ့"
"တော်ပါတော့ ကိုယ်ရယ် ယမင်းတောင်းပန်ပါတယ်"
"ဟျောင့် အနဂ္ဂမင်းနဲ့ငါမပြီးသေးဘူး "
"ခုရှင်းလဲအနဂ္ဂတို့ကအေးဆေးပဲ"
"တောက်ခ် လာခဲ့ ယမင်း မင်းနဲ့ငါအပြင်ရောက်မှရှင်းမယ်"
"ဟျောင့် အနဂ္ဂ မင်းဇယားလား ဘယ်လိုဖြစ်ကြတာလဲ ငါတို့တောင်အမူးပြေသွားတယ်"
"သက်သက်ဇယားလာရှုပ်တဲ့ဟာတွေပါကွာ
အာရုံနောက်တယ်""ဟားဟား မင်းလဲမရှင်းပါဘူးကွာ"
"သူတို့ကငါကိုအရင်လာရှုပ်တာကိုကွာ"
"တော်ပြီကွာ သောက်ချင်စိတ်လဲမရှိတော့ဘူး လစ်တော့မယ် ဟျောင့်တွေ"
"သားရီး အစောကြီးကွာ"
"ငါစိတ်မပါတော့ဘူး လစ်ပြီး"
ရန်ကုန်မြို့ရဲ့ မြို့ပြပေါ်မှာ အနက်ရောင်ပြိုင်ကားတစ်စီး ပြေးနေပြီး ထိုကားထဲတွင် all blackနဲ့ အရပ်၆ပေ၃ရှိပြီး ဖြူဝင်းသောအသားရည်တောင့်တင်းသောခန္ဓာကိုယ်နဲ့ ကောင်းမလေးတွေသာမက ကောင်လေးတွေရဲ့အာရုံကိုပါ ဖမ်းစားနိုင်တဲ့မင်းအနဂ္ဂနောင်ဖြစ်သည်
"မင်းပြန်လာသေးတယ်နော် ဘယ်နှနာရီရှိနေပြီလဲ"
"ဒယ်ဒီကလဲ အချိန်သိချင်တာနဲ့ပဲ သားကိုစောင့်နေသေးတယ် နာရီကြည့်ရောပေါ့ အိမ်မှာနာရီပျက်လို့လားမာမီ"
"မင်းနောက်တိနောက်ပြောင်လုပ်မနေနဲ့ မင်းပြန်လာတဲ့အချိန်ကိုကြည့်စမ်း ဘယ့်နှင့် နိုင်ငံခြားမှာဘွဲ့ယူလာတဲ့အနဂ္ဂကုမ္ပဏီပိုင်ရှင် ဦးမင်းထင်အနဂ္ဂနဲ့ေဒါ်ခင်သန္တာမင်းရဲ့ သားတဲ့ ပြောရမှာတောင်ရှက်တယ် မင်းကိုယ်မင်းကြည့်စမ်း ကလေကချေရုပ်ထွက်နေပြီသိရဲ့လား"
"ဒယ်ဒီကလဲ ဒါသားရဲ့လွှတ်လပ်ခွင့်လေ"
"ဟျောင့် မင်းကလွပ်လပ်ခွင့်ဆိုတာထပ်ကျော်နေပြီးဆိုတာ သိလား မိဘအလုပ်လဲလုပ်မကူ တနေ့တနေ့မူးရူးသောက်စားရန်ဖြစ်နေတာ မင်းကိုဒီတိုင်းမထားတော့ဘူး မနက်ဖြန် မင်းဘကြီးနေတဲ့ မန်းကျည်းတောရွာမှာသွားနေရမယ်"
YOU ARE READING
တစ်ဘဝစာ မောင့်အတွက်သာ
Romanceခြည်ကယောက်ျားလေးနော်အနဂ္ဂ မင်းမြို့ကတွဲခဲ့တဲ့ကောင်မလေးတွေလိုမျိုးခြည့်ကိုလာမဆက်ဆံနဲ့ #ရောင်ခြည်ဦး ကျုပ်ကမြို့မှာမိန်းမတွေပဲထည်လဲတွဲလာတဲ့ကောင်ဗျ ကျုပ်ကမိန်းမတွေပဲစိတ်ဝင်စားတာ ဒါပေမဲ့ခင်ဗျားလေးကဘာလို့ကျုပ်အတွေးထဲရ...