Part 2 (unicode/ Zawgyi)

1.3K 59 1
                                    

<Unicode>
"ဗျို့ !!ဘကြီးသာပျော ခြည်တို့ရောက်ပြီဗျ!!"

" မြို့သားဒီမှာထိုင်အုံး ခြည် ဆိုင်ကယ်လေးအရိပ်ထဲထည့်လိုက်အုံးမယ်"

"လူလေးတို့ရောက်လာကြပြီလားကွယ့်"

"ကြည်ရေ လူလေးတို့ရောက်ပြီဟေ့"

"လာပါပြီတော်ရေ ကျုပ်က ထမင်းဝိုင်းပြင်နေလို့ပါတော်"

"ဒါကသားလေးအနဂ္ဂလား ကြည့်ပါအုံး အရီးလေးတို့ဆီလာတုန်းကလိုဝဝကစ်ကစ်လေးမဟုတ်တော့ပါလားအေ မြို့သားမို့လို့လားမသိဘူး ဖြူပြီးချောလိုက်တာတော် ရွာထဲကအပျိုတွေ ကျုပ်အိမ်နားဝိုင်းနေတော့မှာမြင်ယောင်တယ်ကိုသာပျောရေ"

"ကြီးကြီးကလဲ သားကိုမြောက်နေပြန်ပြီ နေတောင်မနေတက်တော့ဘူး😁😁"

"အော်ဒါနဲ့မိတ်ဆက်ပေးရအုံးမယ် ဒါကဘကြီးတို့ရွာက ရောင်ခြည်ဦးတဲ့ ခုတော့တရွာလုံးကအားထားရိုသေရတဲ့ ကျောင်းဆရာလေးပေါ့"

"ဘကြီးသာပျောရလဲ‌ဗျာ ရောင်ခြည်ဦးဆိုရပါပြီဗျ အဲ့လိုကြီးမိတ်ဆက်ပေးတော့ ခြည်မနေတက်ဘူးဗျ"

"အော် သားခြည်ရယ် နောက်လဲသိမှာပဲ ခုလိုမိတ်ဆက်ပေးလိုက်တော့နောက်ပြောစရာမလိုတော့ဘူးပေါ့အေ့ "

"ထားပါတော့ဗျာ"

"ကဲ သားအနဂ္ဂရေ အရီးလေးထမင်းဝိုင်းပြင်ထားတယ် ခရီးပန်းလာတယ်ဆိုတော့ ဆာရောပေါ့ ခနနားပြီး စားကြတာပေါ့ ခြည်လေးလဲဝင်စားသွားလိုက် "

"မစားတော့ဘူး အရီးလေးရဲ့ အိမ်မှာအဘနဲ့ညီညီနဲ့ထမင်းစားစောင့်နေမှာ ခြည်ပြန်တော့မယ် မြို့သားအကူညီလိုရင်ပြောနော်အားမနာနဲ့ ခြည်က စနေ၊တနင်္ဂနွေတော့အားပါတယ်ဗျ လိုင်းသုံးမယ်ဆိုလဲခြည့်ကိုပြော ဒီဖက်တွေကလိုင်းမရဘူး မင်းသုံးချင်ရင် ခြည်တို့အိမ်နားကမန်ကျည်းပင်နားကလိုင်းကြည်တယ် အားမနာနဲ့သိလား"

"သွားတော့မယ် ဘကြီးနဲ့အရီးလေးရေ မြို့သား ခြည်သွားပြီ"

အနဂ္ဂ ဘာမှပြန်မပြောမိ မိမိရှေ့ကစကားတွေရေပတ်မဝင်အောင်ပြောပြီးထွက်သွားတဲ့ အဖြူသေးသေးလေးကိုသာကြည့်နေမိတယ်

တစ်ဘဝစာ မောင့်အတွက်သာWhere stories live. Discover now