<Unicode>
နောက်တနေ့ မနက်
အနဂ္ဂ မနက်စာစား နေချိန်"ဗျို့!! ဘကြီးသာပျောရေ့ "
" အော်သားခြည် ဈေးသွားမို့လား စောကြီးပါလား မင်းညီကခုမှမနက်စာစားတုန်း တခါထဲဝင်စားသွားပါလား ကွယ်".
"မစားတော့ဘူး ဘကြီးရေ စောစောလာတာဘာမှမဟုတ်ဘူးဗျ နောက်ကျရင်နေမြင့်သွားမယ်ဗျ"
"အေးပါကွာ သားနောင် ရော့ လိုသလောက်ဝယ်ခဲ့ကွာ"
"ဟာ ဘကြီးကလဲ သားမှာ ဒယ်ဒီပေးလိုက်တဲ့ေငွ တွေရှိသေးတယ်ဗျ"
"အဲ့ငွေတွေသိမ်းထား နောက်လိုရင်သုံးပေါ့ ခုတော့ ဘကြီးပေးတာပဲသုံးလိုက် "
"ဟုတ်ကဲ့ ဘကြီး"
"ကဲ သွားကြတော့ နောက်ကျလိုနေမြင့်ရင်ပင်ပန်းနေမယ်"
"ဟုတ်ကဲ့ ဘကြီး"
အနဂ္ဂ ဆိုင်ကယ်ပေါ်ရောက်တာနဲ့ ရှေ့ကဖြူလုံးလေ ခါးကိုဖက်ထားလိုက်သည်
" အနဂ္ဂ ဘာ ဘာလို့ ခါးကိုလာ လာဖက် တာလဲ"
"ကျွန်တော် ကြောက်လို့ဗျ "
"အာ့ အာ့ဆိုလဲ နောက်ကတန်းကိုကိုင်လေ ကွာ ခြည်မနေတက်ဘူး "
"ခြည်ကလဲဗျာ လာတုန်းကလဲ ဒီလိုဖက်ပြီးလိုက်ခဲ့တာပဲ နောက်အကျင့်ဖြစ်သွားလိမ့်မယ် "
"ဘာ ဘာကို"
"နောက်ကျရင်နေပူသွားမယ် မောင်းတော့လေ"
"ဘကြီး သားတို့သွားပြီနော်!!!"
"အေးကွယ်"
"ဘကြီးရေ!!! ခြည်တို့သွားပီနော် !!"
"ဖြေးဖြေးမောင်းသွားအုံး ခလေးတို့"
အနဂ္ဂတို့ ရွာထိပ်အလွန်ရောက်တော့ အနဂ္ဂခြည့်ခါးကို ပိုပြီးတင်းကျပ်ကာဖက်ထားမိသည် ရှေ့ကဖြူလုံးလေးသတိထားမိလားမသိပေမဲ့ မိမိရှေ့က ဂုတ်သားဖြူဖြူလေးကို မထိတထိလေးနမ်းနေမိတယ်
ခြည်တစ်ယောက်နောက်ကလူကြောင့် မနေတက်တော့ လူကို တောင့်တဲ့ လို့ကပ်ပြီး ဖက်ထားတာများ အသက်ရှုပါကြပ်နေပြီ
တချက်တချက် လည်ဂုတ်ကို မတော်တဆလား မသိပေမဲ့လာလာထိနေသေးတယ် ဒါကိုအလိုက်မသိတဲ့ နှလုံးသားကအဆမတန်ခုန်နေသေးတယ် ငါဘာဖြစ်နေတာဘာလဲ ...
YOU ARE READING
တစ်ဘဝစာ မောင့်အတွက်သာ
Romanceခြည်ကယောက်ျားလေးနော်အနဂ္ဂ မင်းမြို့ကတွဲခဲ့တဲ့ကောင်မလေးတွေလိုမျိုးခြည့်ကိုလာမဆက်ဆံနဲ့ #ရောင်ခြည်ဦး ကျုပ်ကမြို့မှာမိန်းမတွေပဲထည်လဲတွဲလာတဲ့ကောင်ဗျ ကျုပ်ကမိန်းမတွေပဲစိတ်ဝင်စားတာ ဒါပေမဲ့ခင်ဗျားလေးကဘာလို့ကျုပ်အတွေးထဲရ...