Episode 8(unicode/zawgyi)

685 32 3
                                    

<Unicode>
"အနဂ္ဂ ရေ ဗျို့ အနဂ္ဂ"

"ဟာ ကိုဖိုးထူး ရှယ်လန်းနေပါလား "

"ဟဲ့ ဟဲ့ ကိုယ်ပိုးနေတဲ့ နှမငယ် လေးက ချစ်အဖြေပေးတော့မှာဆိုတော့ သူလေးသဘောကျအောင် ပြင်ဆင်ရတာပေါ့ကွ"

"ခင်ဗျားက မထင်ရဘူး တယ်လဲကဗျာဆန်တက်သားပဲ မဆိုးဘူး"

"မင်းလဲ ငါတို့ရွာရောက်တာ သိပ်မကြာသေးဘူး ရွာလေသံပေါက်နေပြီကွ"

"အော်ဗျ ရောမရောက်ရင်ရောမလိုကျင့်တဲ့
မန်ကျည်းတောရွာရောက်မှတော့ မန်ကျဉ်းတောရွာသားတွေလိုကျင့်ရတာပေါ့ဗျ "

"ထားပါတော့ ထားပါတော့ အချိန်မနှောင်းခက် မြရင်လေးရှိရာ ချီတက်ဆို့
အယ် မသွားခင် မြရင်လေးကို ချစ်စကားတွေချောချောရှူရှူ ထွက်ဖို့ ထန်းတောကို အရင်သွားမယ်ကွာ"

"ဟုတ်ပါပြီဗျ"

အနဂ္ဂနဲ့ ဖိုးထူးတို့ ထန်းတောထဲရောက်တော့

"ဦး‌ဘတုတ်ရေ ထန်းရည်၂မြူနဲ့ ငုံး၁ကောင်လောက်ချပါအုံးဗျ"

"အေး အေး ဖိုးထူး ရေ ခနစောင့်ကွ"

"မင်းကရွာရောက်ထဲကကျောင်းမှာ စာသင်နေရတာဆိုတော့ ရွာရဲ့ ဓလေ့ကိုသေချာမသိသေးဘူးပေါ့ကွ တို့ရွာရောက်ပြီး ဒီ‌ထန်းတော့မရောက်ဖူးရင် လာရတာကျိုးမနပ်ဘူးကွ"

"လာပါပြီကွယ် ဟာ ဆရာလေးပါပါလာတာလား ဖိုးတုတ်တို့တော့ ဆရာကို လုပ်ချလိုက်ပြန်ပြီကွာ "

"ဟဲဟဲ ဒီရွာမှာနေရင် ထန်းတောကိုရောက်ဖူးရမှာပေါ့ကွ ဦးဘတုတ်ရ"

"အေးပါကွာ သောက်ကြသောက်ကြ"

"ဒါနဲ့ ကိုဖိုးထူးဘယ်နေရာမှာချိန်းထားတာတုန်း "

"ချောင်းနားက မန်ကျည်းတောမှာကွ"

"သိပ်မဝေးဘူးပဲ အာ့ဆို သွားတော့လေဗျ တော်ကြာ ခင်ဗျားမြရင်က စောင့်နေအုံးမယ်"

"ဟာ အေ့ကွ ငါမေ့နေတာ မင်းဒီမှာပဲစောင့်နော်"

"စောင့်နေပါမယ်ဗျာ"

အနဂ္ဂ‌တစ်ယောက်ထဲ ဖိုးထူးကိုစောင့်ရင် ထန်းရည်‌ေလးသောက်လောက် ငုံးကြေ
ာ်လေးတွယ်လိုက်နဲ့ ထန်းရည်၂မြူလုံးကုန်နီးနီးရောက်တော့ လူကရီဝေဝေဖြစ်ချင်လာတယ် ထိုအချိန် အရှေ့လမ်းမှာလာနေတဲ့ အဖြူရောင်အရိပ်လေး အနဂ္ဂသေချာကြည့်နေမိတယ် အရိပ်လေးတဖြည်းဖြည်းနီးလာတော့ အနဂ္ဂချက်ချင်းထပြီး ပုဆိုးကိုပြင်ဝတ်ကာ ဒယိမ်းဒယိုင်ဖြင့် အဖြူရောင်အရိပ်လေးဆီလျောက်သွားတော့သည်
ခြည် မိမိအရှေ့လာရပ်တဲ့လူကိုမော့ကြည့်လိုက်တော့

တစ်ဘဝစာ မောင့်အတွက်သာUnde poveștirile trăiesc. Descoperă acum