part 14(Unicode/zawgyi)

647 24 2
                                    

<Unicode>
မနက်ဖြန် ခြည်နဲ့အနဂ္ဂရဲ့ မင်္ဂလာဆွမ်းကျွေးမှာ တစ်ရွာလုံးကို စတုတီသာကျွေးမယ်ဖြစ်တာကြောင့် ဒီည ခြည်တို့အိမ်မှာလူတွေစည်နေ၏ ပိုင်ထက်နဲ့နိုင်ထက်လဲ ညနေစောင်းထဲကလာလုပ်ကူကြသည် မြသာကတော့ပိုင်ထက်နားကမခွါပဲ တမျိုးပြီးတမျိုးလုပ်ကူနေ၏

"မြို့သား!!!

"အမယ်လေးး လန့်တာဗျာ မင်းကလဲ "

"ကျုပ်က ခင်ဗျားအိပ်ငိုက်နေတယ်ထင်လို့ဗျ"

"အိပ်ငိုက်စရာလား ဒီလောက်လူတွေဆူညံနေတာ"

"မသိဘူးလေဗျာ ကျုပ်ကခင်ဗျားလေးငြိမ်နေတော့ ငိုက်နေပြီထင်တာ"

"မဟုတ်တာ ဒါနဲ့နေပါအုံး မင်းက ညနေထဲ ငါ့နားမှာရစ်တီရစ်တီလုပ်နေတာ မင်းမှာတခြားအလုပ်မရှိဘူးလား"

"အလုပ်မရှိတာမဟုတ်ပါဘူးဗျ ကျုပ်ကခင်ဗျားမျက်နှာမြင်ပြီးထဲက ခင်ဗျားကိုပဲတွေ့ချင်နေလို့ဗျ"

"ဟင်..."

"တောသားမို့အထင်မသေးပါနဲ့ဗျာ..ကျုပ်တို့လိုတောသားတွေလဲအသဲနဲ့ပါဗျ"

"ဟာ..မင်းကမလွန်ဘူးလား မနက်ကပဲတွေ့ဖူးတဲ့သူကို ချစ်တယ်ဆိုတော့ "

"မြင်မြင်ချင်းအချစ်ဆိုတာရှိတယ်လေဗျာ..ခင်ဗျားကျုပ်ကိုပြန်ချစ်လို့ကတော့...အဘရဲ့နွားတစ်သျှင်းနဲ့ လယ်တွေနဲ့တင်တောင်းမှာဗျ ကျုပ်ကိုပြန်ချစ်ပါနော် ကျုပ်ရဲ့နှလုံးသားရောဂါက ‌ဒေါက်တာပိုင်ထက်ကုမှ ပျောက်မှာဗျ"

"အမယ်လေးလေး တောသားတွေစကားတက်ချက်က မြို့သားတွေထိုင်ငိုလောက်တယ်"

"ငါကတော့ မြင်မြင်ခြင်းအချစ်ကို မယုံပေါင်"

"ဒါဆိုလဲ ကျုပ်ကို ချစ်ကြည့်လေ တဖြည်းဖြည်းနဲ့ယုံသွားမှာပေါ့ဗျ"

"မင်းပဲစကားတက်"

"ကျုပ်ကိုချစ်လား ဒေါက်တာလေး "

"စဉ်းစားပေးမယ်ကွာ"

"တကယ်လား ဟင် ဒေါက်တာလေးက မင်္ဂလာဆောင်ပြီးရင် မြို့ပြီမဟုတ်လား ကျုပ်ကိုမျှော်လင့်ချက်တွေမပေးပါနဲ့ဗျာ ကျုပ်ရင်ကွဲပြီးကျန်ခဲ့မှာဗျ"

You've reached the end of published parts.

⏰ Last updated: Mar 11, 2023 ⏰

Add this story to your Library to get notified about new parts!

တစ်ဘဝစာ မောင့်အတွက်သာWhere stories live. Discover now