part 10🔞(Unicode/zawgyi)

1.1K 42 6
                                    

<Unicode>
ဒီနေ့ကျောင်းဖွင်တာကြောင့်အနဂ္ဂ ဆိုင်ကယ်တစ်စီးနဲ့ ခြည်တို့အိမ်သို့မောင်းလာခဲ့သည် အနဂ္ဂလွန်ခဲ့တဲ့၂‌ရက်လောက်ထဲက မြို့မှာ ကလစ်ဘီးလေးတစ်စီးမှာလိုက်ထားတာဖြစ်ပြီး မနေ့ညဆိုင်ကယ်ကရောက်‌လာသည် ခြည်လာတော့မှောင်နေတာကြောင့်ရော အိမ်ထောင့်မှာကပ်ရပ်ထားတာကြောင့် သတိမထားမိတာဖြစ်သည်

ခြည်တို့ အိမ်ရှေ့ရောက်တော့ ဆိုင်ကယ်ကိုရပ်ပြီး ခြံထဲဝင်ကာ
"ခြည်ရေ!ခြည် !"

"အော် မောင်အနဂ္ဂပါလား ဝင်လာလေးကွယ့် သားခြည်ကပြင်ဆင်တုန်း ခနနေဆင်းလာလိမ့်မယ်"

အနဂ္ဂနဲ့ ဦးနေလင်းရောင်တို့ စကားစမြည်ပြောနေတုန်း ခြည်ဆင်းလာတော့သည်

"အော် ဟိုမှာ သားခြည်ဆင်းလာပြီးကွယ့်"

"မောင် အာ အနဂ္ဂအစောကြီးပါလား ခြည်လာခေါ်မှာပေါ့ "

"ရပါတယ် ခြည်ရဲ့ "

ထို အချိန်မီးဖိုခန်းက ကျော့ ထွက်လာကာ

"ကိုကို ကျော့ ထမင်းချိုင့်ပြင်ထားပြီးပြီ မနက်စာ ထမင်းကြော်ထားတယ် မြို့သားအကိုလဲ တခါထဲစားသွားပါလား"

"မစားတော့ဘူး ကျွန်တော်စားခဲ့ပြီးပါပြီ"

ခြည်လဲအနဂ္ဂစောင့်နေရမှာစိုးသောကြောင့် မနက်စာကိုဘူးနဲ့ထည့်လာထွက်လာတော့သည်

"အဘ ခြည်သွားပြီနော် ညီညီလျောက်သွားမနေနဲ့နော် နောက်လစာမေးပ‌ွဲဖြေရတော့မှာ စာလုပ်နေနော် "

"ဟုတ်ကဲ့ပါ ကိုကိုရယ် ကျောင်းနောက်ကျနေမယ်သွားတော့ "

"အေ့အေ့"

ခြည်နဲ့အနဂ္ဂ အိမ်ထဲကထွက်လာပြီး ခြည်က ဆိုင်ကယ်ထုတ်မယ်လုပ်တော့

"ခြည်မထုတ်နဲ့တော့ မောင်ဆိုင်ကယ်ယူလာတယ်"

ထိုမှ ခြည်ကြည့်မိတော့ မောင်ကဆိုင်ကယ်ကို ‌ခြံရှေ့ရပ်ထားတာဖြစ်သည်

"မောင် အဲ့တာ ဘယ်သူမောင်းလာတာလဲ "

"မောင် မောင်းလာတာလေ"

"မင်းပြောတော့ဆိုင်ကယ်တခါမှမစီးဖူးဘူးဆို"

"ဟုတ်တယ်လေ မောင်းပဲမောင်းတက်တာ ဘယ်သူ့အနောက်ကမှတခါမှလိုက်မစီးဖူးတာ"

တစ်ဘဝစာ မောင့်အတွက်သာUnde poveștirile trăiesc. Descoperă acum