/1/

34.3K 1K 19
                                    


'ဒုန်းး..ဒုန်း..ဒုန်းးး'

'ရှိုင်းထက်အောင်..တံခါးကိုထုနေတာ.ခင်ဗျားလင်ကျုပ်နော်..အခုတံခါးဖွင့်'

'ဒုန်း..ဒုန်း..ဒုန်းး...ရှိူင်းထက်အောင်..တံခါးဖွင့်လို့ပြောနေတယ်..ခင်ဗျားနားကန်းနေလား..ဟမ်'

သူ့ဘက်ကဒေါသတကြီးဖြစ်နေပေမယ့် အခန်းထဲကတစ်ယောက်က အသံလုံးဝမပြုတဲ့အပြင်..အခုထိတံခါးလာမဖွင့်သေးလို့..သူရဲ့ဒေါသကရေဆူမှတ်ကိုရောက်သွားလေပြီ။

'တောက်..ရှိူင်းထက်အောင်ဆန္ဒပြတာအတော်များသွားပြီ ..'

ဒီနေ့ည ခရီးကပြန်ရောက်မယ်..ရောက်ရောက်ချင်းအရေးကြိးတဲ့ ပါတီတက်ရမယ် အဆင်သင့်ပြင်ထားလ်ို့မှာထားရဲ့သားနဲ့ သူအိမ်က်ိုရောက်တော့တစ်အိမ်လူံးမှောင်မဲတိတ်ဆိတ်လို့...အိမ်ထဲမှာ ရှိရဲ့သားနဲ့ တစ်အိမ်လုံးအမှောင်ချထားပြီဆိုကတည်းက သူ့က်ိုတမင်ရွတ်နေပြီဆိုတာသိလိုက်ပြီမလို့ အပေါ်ထပ်ကို ဒေါသတကြီးပြေးတက်လာခဲ့သည်။တံခါးဖွင့်မပေးတာကြောင့်သော့အပိုယူကာ တံခါးက်ိုဒေါသတကြီးစောင့်ကန်ဖွင့်လိုက်ပြီး အခန်းမီးကိုဖွင့်လိုက်တော့...အခန်းဝင်ပေါက်ကိုကျောပေးထိုင်ကာ..ဆေးလိပ်သောက်နေ်တဲ့သူ့လင် ရှိူင်းထက်အောင်

'ဝုန်းး'

တံခါးဖွင့်သံဒီလောက်ကျယ်တာကိုတောင် ကုတင်ပေါ်ထိုင်ပြီးဆေးလိပ်သောက်နေသူက တုတ်တုတ်မလှုပ်..သူဝင်လာတာမြင်တာတောင် တစ်ချက်က​လေးလှည့်မကြည့်။

'တောက်...ရှိုင်းထက်အောင်...ခင်ဗျားကိုကျုပ်ဘာမှာထားလဲ..ကျုပ်ဒေါသကိုစွနေတာလား'

'.......'

'အခုထ..အဝတ်လဲ...နောက်ကျနေပီ'

'.....'

သူပြောတာတွေကိုအဖက်မလုပ်ဘဲ မကြားချင်ယောင်ဆောင်ကာ ေဆးလိပ်သောက်မပျက်တဲ့လူအနားသွားပြီး ပိန်ပိန်သွယ်သွယ်ပခုံးသားနှစ်ဖက်ကို အားနဲ့ကိုင်လှုပ်ပြစ်သည်။

'ရှိုင်းထက်အောင်...ခင်ဗျားအခုလိုလုပ်ပြနေလို့လဲ ကျုပ်စိတ်ကုန်သွားမယ်လို့ထင်နေရင်ခင်ဗျားမှားသွားမယ်..ကျုပ်ကခင်ဗျားကို သေရင်တောင်လွှတ်မပေးဘူး..ဆေးစိမ်ပြီးအလှထိုင်ကြည့်နေမှာလို့ပြောထားပြီးသား...အခုအဝတ်လဲ..ကျုပ်နဲ့လိုက်ခဲ့'

'' အဖြည့်ခံ '' (Complete)Where stories live. Discover now