/38/

12.5K 663 85
                                    


Part 38

အလင်းအိပ်ပျော်နေတယ်ထင်ပြီး အလင်းကိုစစ်ပေးတဲ့ဆရာဝန်က အလင်းဘေးနားတင်ထိုင်ပြီးအကိုနဲ့ဖုန်းပြောနေတာ..ဖုန်းထဲကအကို့အသံသြရှရှကိုကြားမိယုံနဲ့တင် အေးစက်နေတာကြာပြီဖြစ်တဲ့အလင်းနှလုံးသားလေးကတဖန်ပြန်လည်နွေးထွေးလာရသည်။အလင်းဆီမှာ အကို့သွေးသားလေးတည်ရှိနေတာပါလားဆိုပြီး ဝမ်းသာပီတ်ိဖြစ်နေရုံရှိသေး..အကို့ဆီကကြားလိုက်ရတဲ့ပြတ်သားတဲ့စကားလုံးတွေက အစောကပီတိတွေကိုတခခဏအတွင်းပျက်စီးသွားစေသည်။

ထိုစကားလုံးတွေက အလင်းနှလုံးသားကိုအရှင်လတ်လတ်ဆွဲထုတ်ယူသွားသလိုနာကျင်လွန်းလှသည်။အလင်းကြောင့်အကို ခက်ခဲမှာဆိုးလို့ အကိုကအလင်းရဲ့ဖြစ်တည်မှူကိုမေ့သွားလောက်တဲ့ထိ အလင်းသေလူတစ်ယောက်လိုနေပေးခဲ့တာ။

အလင်းနဲ့ပတ်သတ်ပြီးသွားကတည်းက အကိုက ကလေးကိစ္စပွင့်ပွင့်လင်းလင်းပြောထားပြီးသားမလို့ ကလေးကိုအကိုမလိုချင်ဘူးဆိုတာသိထားပေမယ့်အခုလိုပြောထွက်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။အကိုပြောပုံက .အလင်းဒုက္ခများမှာဆိုးလို့ကလေးကိုဖျက်ချခိုင်းတာတဲ့လား။အလင်းက ဒုက္ခတွေနဲ့နေသားကြနေပြီမလို့ ဒီတစ်ကြိမ်မှာတော့အကို့စကားကိုနားမထောင်ပါရစေနဲ့။
ကလေးလေးမှာအပြစ်မရှိတာမလို့ ကလေးလေးကိုအလင်းရအောင်မွေးမှာပါ။ဒါပေမယ့် အကိုလုံးဝမသိစေရဘူး။အလင်းရဲ့ကလေးလေးကြောင့်အကိုလုံးဝနောက်ဆံမတင်းစေရသလို အလင်းအကို့ရှေ့မှာလည်းဘယ်တော့မှပေါ်မလာစေရတော့ပါဘူး။

အလင်းတွေးရင်းငိုမိတော့ အငယ်ကသူ့လက်တိုတိုဖောင်းဖောင်းလေးတွေနဲ့အလင်းမျက်ရည်တွေကိုသုတ်ပေးနေတာ။

'ကိုရီးး..နိုနဲ့..အင့် ဟင့်'

အလင်းအားယူပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ ဒေါက်တာကအခန်းထဲမှာမရှိတော့။အငယ်ကအလင်းဘေးငုတ်တုတ်လေးထိုင်နေပြီး အလင်းမျက်နှာကိုမျက်တောင်မခတ်စမ်းကြည့်နေတာ။အလင်းငိုနေလို့သူလည်းလိုက်ငိုထားတာ..ပါးပြင်ပေါ်က သနပ်ခါးတွေပေါ်မှာမျက်ရည်စီးကြောင်းက အထင်းသားး။အလင်းကြောင့် အငယ်နဲ့အထွေးလေးစိတ်မကောင်းတွေဖြစ်ကုန်ပြီ။ဗိုက်ထဲက ကလေးလေးအတွက်ရော အငယ်နဲ့အထွေးအတွက်ရော အလင်းသန်မာနေမှရမည်။ပျော့ညံ့နေလို့မဖြစ်။

'' အဖြည့်ခံ '' (Complete)Where stories live. Discover now