'ဒေါက် ဒေါက်''ဝင်ခဲ့'
သဏ္ဍန် တိုးချဲ့စက်ရုံရဲ့ reportတွေစစ်ဆေးနေစဥ် သူ့ရဲ့PA စည်သူဝင်လာသည်။
'ပြော စည်သူ'
'မှော်ဘီအိမ်ကို ပစ္စည်းတွေအကုန်ပို့လိုက်ပါပြီဆရာ'
'မပို့ခင် သူပို့ထားတဲ့စာရင်းနဲ့တိုက်စစ်ရဲ့လား..ကျန်နေခဲ့တာမျိုးမရှိဘူးမလား'
'၃ခါစစ်ပြီးမှ ပို့လိုက်တာပါဆရာ'
'thanks..စည်သူ..မင်းကငါ့အတွက်အကောင်းဆုံးပဲ..မင်းမိန်းမအခြေအနေရော '
စည်သူ့မိန်းမက ရင်သားကင်ဆာဖြစ်နေသောကြောင့်ဆေးရုံတက်နေရခြင်း။
'ဆရာ့ကျေးဇူးကြောင့်အားလုံးအဆင်ပြေပါတယ်ဆရာ..'
'ဟုတ်ပြီ..လိုတာရှိပြော..ငါ့ကိုအားနာစရာမလိုဘူး..ကလေးနှစ်ယောက်ရော ကျောင်းမှာအဆင်ပြေလား..အဲ့ဒီကျောင်းအပေါ်မင်းဘယ်လိုမြင်လဲ'
'နာမည်ရထားတဲ့ကျောင်းဆိုတဲ့အတိုင်း တော်တော်လေးအဆင်ပြေတယ်ပြောရမယ်ဆရာ..ကလေးတွေလည်းပျော်တယ်..အစားအသောက်နေရာထိုင်ခင်းကအစ လုံးဝရှယ်ပဲ..သင်ကြားရေးပိုင်းလည်းတော်တော်ကောင်းတယ်..သမီးကြီးဆို ဂျပန်စကားနဲ့အဂ်လိပ် speaking တော်တော်မွှတ်နေပြီဆရာ..
ဥိးသဏ္ဍန်ကုမ္ပဏီမှာအလုပ်ပြန်ဝင်မှာမလို့ သူတအားကြိုးစားနေပါတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော့်ကိုတတွတ်တွတ်ပြောခိုင်းနေတာ ဆရာ..ဟီးး''အဟင်းး..ကြိုးစားလို့ပြောလိုက်..ကြိုးစားသူတွေအတွက် ငါ့ကုမ္ပဏီက always wellcome ပဲ'
'ဟုတ်ကဲ့ဆရာ..'
'ဒါနဲ့ စည်သူ'
'ဟုတ်ကဲ့ဆရာ..'
'အဲ့ဒီကျောင်းမှာ Kgတန်းတွေရော ညအိပ်ညနေလက်ခံလား'
'Kg ကနေ G12ထိလက်ခံတယ်ဆရာ..'
စည်သူ့စကားကို ဆရာကခေါင်းတငြိမ့်ငြိမ့်လုပ်နေရင်းမှ
'ရှင်သန်လင်းရဲ့ညီနဲ့ညီမကို အဲ့ဒီကျောင်းမှာအပ်လိုက်ရင်ကောင်းမလား..ဒါမှသူကလူနာကိုပြုစုဖို့ပိုပြီးအချ်ိန်ပေးနိုင်မယ်ထင်တယ်'
YOU ARE READING
'' အဖြည့်ခံ '' (Complete)
Romanceအဖြည့်ခံရဲ့သွေးသားကိုငါမလိုချင်ဘူး..ငါလိုချင်တာ ငါ့ချစ်သူနဲ့ရတဲ့ရင်သွေး။