/30/

13.4K 564 30
                                    

Part 30

'ကျွီ....'

'အမလေး'

'ဘာတွေလုပ်နေလို့အဲ့လောက်လန့်သွားတာလည်းရှင်သန်လင်း'

'အ..အကိုက...ဘယ်လိုဖြစ်ပြီး'

အလင်းကအမြန်မတ်တပ်ထရပ်လိုက်ပြီး ရှုပ်နေတဲ့ဆံပင်တွေကို သပ်ချရင်းမေးနေစဥ် အကိုကအလင်းကိုစူးစူးစိုက်စိုက်ကြည့်နေတော့မှ အလင်းကိုယ်ဘာသူငုံ့ကြည့်မိလိုက်သည်။ဒီနေ့ရာသီဥတုပူတာကြောင့်ရော အိမ်မှာဘယ်သူမှမရှိတာကြောင့်ရော အတွင်းခံဝတ်မနေတော့ဘဲ အသားအေးတဲ့ချည်သားလက်ပြတ်ခေါင်းစွပ်အကျီ အသားရောင်နဲ့ ချည်သားဘောင်းဘီအတိုကိုဝတ်ထားမိတာ။

အကိုစိုက်ကြည့်နေတာမြင်တော့မှ လက်ပိုက်ကာ ကာကွယ်ထားလိုက်ရသည်။

'ခနိ့ကိုဖုန်းဆက်လို့ပြန်လာတာ..သစ်ထူးသတိရမလိုဖြစ်တယ်ဆို'

'ဟုတ်တယ်အကို မနက်က'

'ငါ့ကိုဘာလို့ဘာမှမပြောတာလဲ'

'Drက အကို့ကိုဖုန်းဆက်မယ်ထင်လို့ပါ'

ထိုစဥ် ထွန်းသစ်ကအလင်းစာမပြန်လို့Vcallခေါ်နေတော့ အကိုက အိပ်ယာပေါ်ကဖုန်းကိုသွားယူတာ အလင်းထက်မြန်သည်။

'ရှင်သန်လင်း..မင်းဒီပုံစံနဲ့ Vcallပြောနေတာလား ဟုတ်လား'

'မဟုတ်ဘူးအကို စာရိုက်နေတာ အခုမှVcခေါ်တာ အလင်းမလိမ်ဘူးတကယ်'

ရှင်သန်လင်းကပြာပြာသလဲရှင်းပြနေတာကြောင့် Vcကို endလိုက်ပြီး ဖုန်းကိုပါစက်ပိတ်ပြစ်လိုက်သည်။

'ငါရေချိုူးချင်တယ် ပြင်ထားပေး'

'ဟုတ်'

ရှင်သန်လင်းကိုမှာပြီးတာနဲ့ သဏ္ဍန် သစ်ထူးအခန်းထဲဝင်လာတော့ သစ်ထူးက အရင်ပုံစံအတိုင်းပဲရှိနေသည်။ခန့်ကိုဖုန်းဆက်တုန်းက သဏ္ဍန်တော်တော်ခေါင်းကြိးသွားတာ။စိတ်ကလည်းဒိကိုပြန်ချင်နေတဲ့အခံရှိနေတော့ ခန့်ကိုဖူန်းဆက်တာနဲ့ချက်ချင်းထပြန်လာလိုက်ခြင်း။လေယာဥ်ပေါ်မှာ တစ်ချိန်လုံးတွေးလာတာက ရှင်သန်လင်းကိုတွေ့တာနဲ့ အပိုင်သိမ်းမယ်ဆိုပြီး..တကယ်တမ်းထိပ်တိုက်တွေ့လိုက်ရပြန်တော့ သူ့မျက်နှာကိုမြင်လိုက်တာနဲ့ ကြမ်းချင်နေတဲ့စိတ်တွေက အကုန်ပျောက်။ရှင်သန်လင်းမှာဘာဆေးရှိနေတုန်းပဲ။

'' အဖြည့်ခံ '' (Complete)Where stories live. Discover now