/32/

11.5K 548 28
                                    


Part 32

'ရှိုင်း မင်းငါ့ကို stalkerရှာခိုင်းတာဒီကိစ္စနဲ့ပတ်သတ်နေလား'

'အင်းး'

မိုးတအားကြီးနေတာကြောင့် ကားကိုဖြေးဖြေးပဲမောင်းလာရင်း..အလင်းတို့အိမ်ရှေ့အရောက်မှာတော့ ကားကိုရပ်လိုက်တော့သည်။

'ဖုန်းခေါ်ပေး ဝေယံ'

'ဟင်းးး..'

ဝေယံသက်ပျင်းတချချနဲ့ မကိုင်မှန်းသိတဲ့ဖုန်းကိုရှိုင်းကျေနပ်အောင်ခေါ်ပေးလိုက်သည်။speaker ဖွင့်ထားပြီး ရှိုင်းရှေ့တင်၃ခါလောက်
ခေါ်ပေးလိုက်တော့လည်း ဖုန်းကဝင်ပေမယ့်မကိုင်။ရှိူင်းက ကားပေါ်ကဆင်းဖို့တံခါးဖွင့်နေလို့ ဝေယံလှမ်းဆွဲထားပြိးတံခါးlockချထားလိုက်ရသည်။

'ရှိုင်းး..မိုးရွာနေတယ်လေကွာ..မင်းbellသွားနှိပ်လဲဖွင့်ပေးမှာမဟုတ်ဘူး'

'ငါ့ကို အဲ့ဖုန်းနံပါတ်ပေး'

'ရှိုင်း..please..ငါ့ကိုပြောပြပေးပါ..ငါရင်တွေပူနေပြီ'

ဝေယံ ရှိုင်းပြောပြတာတွေနားထောင်နေစဥ် ရင်ဘတ်ကိုစူးချွန်နဲ့ထိုးနေသလိုပင်။

'ငါဘာဆက်လုပ်သင့်လဲဝေယံ ကွာရှင်းမယ်ပြောလည်းလက်ခံမှာမဟုတ်ဘူး..'

'သူနဲ့ကွာရှင်းလိုက်ရင် သစ်ထူးအကြောင်းစုံစမ်းဖို့ခက်သွားမယ်..သဏ္ဍန့်ကိုမင်းဘက်ကအလျှော့ပေးလိုက်ပြီး အပေးအယူတစ်ခုလောက်လုပ်ကြည့်ရင်သစ်ထူးကိစ္စ အစများပေါ်လာမလား..လမ်းစပေါ်လာရင်ကိုစုံစမ်းလို့လွယ်ပြီကွာ..ဘာသတင်းအစအနမှမရတာက ခက်နေတာ..သဏ္ဍန့်အင်အားက ငါတို့ထက်အများကြီးသာနေတော့စုံစမ်းဖို့အတော်ခက်နေတယ်'

'အပေးအယူဆိုတစ်ခုပဲရှိတယ်'

'ဘာလဲ'

'သူ့ကလေးမွေးပေးဖို့'

ဝေယံက ရှိုင်းအကြောင်းသိထားသူမလို့ရှိုင်းထိုကဲ့သိူ့ပြောတာကိုမတုန်လှုတ်သွား။

'အဲ့တော့ မင်းဘယ်လိုလုပ်မယ်ဆုံးဖြတ်ထားလဲ'

'အလင်းနာမည်အပြည့်အစုံကဘာလဲ'

'ရှင်သန်လင်း'

'ငါအဲ့တစ်ယောက်နဲ့တွေ့မယ်..သူနဲ့မင်းသဏ္ဍန်ဆက်ဆံရေးအခြေအနေသိခြင်တယ်..ရှင်သန်လင်းကဘယ်လောက်ထိအရေးပါနေလို့ ငါ့ကိုလိမ်ပြီးပြန်သွားလဲငါသ်ိချင်တယ်..သူနောက်မီးလင်းနေတာသေချာနေလည်း ဒီကောင်က ငါ့ဆီကသူလိုချင်တာမရမချင်း လက်လွှတ်ပေးမှာမဟုတ်ဘူး..ငါးရံ့နှစ်ကောင်ဖမ်းနေမှာငါမလိုချင်ဘူး..ဒါကြောင့်မင်းသဏ္ဍန်နဲ့ငါအပေးအယူလုပ်ပြီး သူ့ကလေးကိုမွေးပေးမယ်။ကလေးမွေး
ပေးပြီးလို့ မောင့်အကြောင်းသိရရင် ငါမောင်နဲ့တနေရာကိုထွက်သွားမယ်..သူကငါ့ကိုမစွန့်ပြစ်ခင်ငါကအရင်စွန့်ပြစ်မယ်..မောင်နဲ့ပျော်ရွှင်စွာနေသွားမယ်..'

'' အဖြည့်ခံ '' (Complete)Where stories live. Discover now