ခဏနေဖြေရမယ့် interview အတွက်ပေးထားတဲ့မေးခွန်းစာရွက်ကို ဒုတိယအကြိမ် အနေနဲ့အဆုံးထိဖတ်ကြည့်ပြီးနောက်တော့ သူမျက်မှန်ကိုချွတ်လိုက်ပြီး ကားနောက်မှီကိုမှီကာမျက်လုံးပိတ်ထားလိုက်တယ်။ တစ်ခုခုကိုပြင်းပြင်းထန်ထန်အာရုံစိုက်ပြီးတိုင်း
အာရုံကြောပြဿနာကို သူရင်ဆိုင်ရတာ ဆယ်စုနှစ်တစ်ခုမှမကတော့တာလေ။"အဆာပြေတစ်ခုခုစားထားချင်လား Dr Park
.......အအေးတစ်ခုခုဆိုရင်ရော.....Interview ဖို့ဖိတ်ကြားထားတဲ့ GMS entertainmentရဲ့ တာဝန်ရှိအမျိုးသားက
ကားရှေ့ခန်းကနေ Jimin ကို လှည့်မေးတယ်။"နေပါစေ......ကျွန်တော်အဆင်ပြေပါတယ်....."
"မေးခွန်းတွေကိုရော စိတ်တိုင်းကျရဲ့လားဗျ...."
"ဟုတ်ကဲ့......"
စကားသိပ်မပြောချင်လှတာကြောင့် ခေါင်းညိတ်အဖြေပေးလိုက်ပြီးတော့ သူ ကားအပြင်ဘက်ကိုလှမ်းကြည့်နေလိုက်တယ်။ သောကြာနေ့ရဲ့ မနက်ခင်းက ကြည့်ကြည်လင်လင်နဲ့လှပနေတာကြောင့် ခေါင်းကိုက်နေတာတောင် သက်သာသွားသလိုပဲ။
*တောင်*
စာဝင်လာတဲ့အသံကကြောင့် လက်ဆွဲအိတ်ထဲကဖုန်းကိုဖွင့်ကြည့်လိုက်တော့ 1358 hotline ကဖြစ်နေတယ်။
*လူကြီးရဲ့ secret message တွေကိုသိမ်းဆည်းရမယ့် သက်တမ်းကုန်ဆုံးပြီဖြစ်ပါသောကြောင့်ဆက်လက်သိမ်းဆည်းလိုပါက No-1ကိုနှိပ်ပါ.....ဖျက်ပစ်မယ်ဆိုရင်တော့ No-2ကိုနှိပ်ပါ....
သိမ်းဆည်းခြင်းအတွက် တစ်လကို $1358
ကျသင့်မှာဖြစ်တယ်...""secret message????? "
သူတီးတိုးအသံထွက်ကာရေရွတ်ပြီးတော့ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိတယ်။ မိသားစုမရှိ၊ ဆွေမျိုးမရှိတဲ့ သူက ဘာကိစ္စ Secret message ထားရမှာလဲ။ ပေးရမယ့်ဝန်ဆောင်ခကများတာကြောင့် No-2ကိုနှိပ်လိုက်ပြီးတော့ ဝန်ဆောင်မှုကိုဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်တယ်။
ဖုန်းကိုအိတ်ထဲပြန်ထည့်ကာ အပြင်ဘက်ကို သူဆက်ငေးကြည့်တော့ GCF entertainment ရဲ့
ဂိတ်တံခါးကိုတောင် ကားကဖြတ်ကျော်လာခဲ့ပြီ။"အထဲမှာ သတင်းထောက်တွေရောက်နေကြပါပြီ......Dr Park ခဏလောက်နားချင်သေးလားမသိဘူး......."