GCF Entertainment နဲ့ interviewအစီစဉ်
ပြီးသွားတဲ့အချိန်က နေ့လယ်3နာရီခန့်ရှိပြီ။ အနည်းငယ်ပင်ပန်းနေတာကြောင့် သူအိမ်ကိုပဲပြန်ဖို့ဆုံးဖြတ်လိုက်ပြီး အလာတုန်းကလိုပဲ GCFရဲ့ တာဝန်ရှိသူအမျိူသားနဲ့ Driver ကလိုက်ပို့ပေးတယ်။*ကျွန်တော်တို့ CEOက Dr Park ကိုညနေစာကျွေးပါရစေလို့ ပြောခိုင်းလိုက်ပါတယ်*ဆိုပြီး လီဒုံဝူးကပြောလာတာကိုလက်ခံထားတာကြောင့် ညနေ 6နာရီတော့ သူအပြင်ပြန်ထွက်ရလိမ့်မယ်။ ဒါပေမယ့်ကိစ္စမရှိ။ ပင်ပန်းနေတဲ့ စိတ်အစဉ်ဟာ ရေချိုးလိုက်ရင်တော့လန်းဆန်းသွားမှာပင်။
"ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး......"
လေးလေးစားစားနှုတ်ဆက်စကားဟာ
မထူးဆန်းလှပေမယ့် 90°အထိဦးညွှတ်တာကတော့ သူ့စိတ်ထဲတစ်မျိုးခံစားရစေတယ်။
ပြောရရင် သူ့လိုအပြင်လူတစ်ယောက်ကို
ဒီလောက်ကြီးရိုသေဖို့မကောင်းဘူးလို့ထင်မိတာပဲ။သူနေတဲ့နှစ်ထပ်တိုက်လေးထဲကိုဝင်လာခဲ့ပြီးတော့ အိပ်ခန်းထဲကိုတန်းဝင်လာခဲ့ကာ အိပ်ရာပေါ်မှာခြေပစ်လက်ပစ်လှဲချမိတာပဲ။ ညနေစာစားဖို့အချိန်က 6နာရီဆိုတော့ နားဖို့ အချိန် 2နာရီလောက်တော့ အေးအေးဆေးဆေးရသေးတယ်။
ဖုန်းကိုထုတ်ကာ Alarm ပေးလိုက်ပြီးတော့ သူမျက်စိမှိတ်ကာငြိမ်နေလိုက်တယ်။အခန်းထဲမှာလွင့်ပျံနေတဲ့ ရနံ့ဖျော့ဖျော့လေးကို သတိပြုမိတော့ GCFမှာ သူ့ကိုနှိပ်ပေးခဲ့တဲ့ကောင်လေးအကြောင်းကိုတွေးမိတယ်။
"Ahh.....နာမည်သ်ိအောင်လုပ်ခဲ့ရမှာ..."
တစ်ကိုယ်တည်းရေရွတ်လိုက်ပြီးတော့ အလိုမကျစွာနဲ့ အိပ်ယာပေါ်မှာဘယ်ညာလူးလှိမ့်မိတယ်။အခုတော့လည်း Dr Park ဆိုတဲ့နာမည်ကြီးဆရာဝန်အဖြစ်ကနေ Park Jimin ဆိုတဲ့လူငယ်လေးအဖြစ် အသက်ဝင်လာခဲ့တယ်။
"နောက်တစ်ခါဆိုရင်တော့ နှစ်ယောက်လုံးရဲ့နာမည်လောက်တော့သိအောင်လုပ်ရမယ်...."
တစ်ကိုယ်တည်းကြွေးကြော်ကာ သူစိတ်ပိုင်းဖြတ်လိုက်တယ်။
ဒီနေ့ သူ့စိတ်ကူးထဲကပုံစံနဲ့ အမျိုးသားနှစ်ယောက်ကို ဆုံခဲ့ရပြီး လွဲချော်စွာနဲ့နှစ်ယောက်လုံးအကြောင်းဘာမှသိမလာခဲ့။ အယုတ်စွဆုံး နာမည်လေးတောင် မသိခဲ့တာကတော့ သိပ်ကိုလွန်သွားခဲ့ပြီမဟုတ်လား။