"ကဲ အကုန်လုံး နားလို့ရပါပြီနော်......"
အနောက်ကနေ ပါလာတဲ့ ဆရာဝန်လေးတွေဟာ Jimin စကားကြောင့်ပြုံးသွားကြတယ်။
အေးလေ ....မနက်ထဲကခွဲခန်းဝင်၊ လူနာကြည့်နဲ့ဆိုတော့ ကလေးတွေနားချင်ကြပြီပေါ့။ အခုပဲအချိန်က နေ့လယ်3နာရီကျော်နေပြီမဟုတ်လား။"ဗိုက်ဆာနေကြရောပေါ့......သွားကြတော့လေ..."
"အတူသွားကြမယ်လေ ဆရာ......"
ထွက်မသွားသေးဘဲ သူ့ကိုစောင့်နေတဲ့ ကလေးတွေအစား သူ့ရဲ့လက်ထောက်ဖြစ်တဲ့ ယောင်းချယ်ကဝင်ဖြေတယ်။
"အဲ့တာဆိုလည်း ဒီနေ့ကိုယ် Treatပါ့မယ်... ဆေးရုံ canteen ကိုပဲသွားကြတာပေါ့....."
"ဟုတ်ကဲ့ဆရာ......"
သူတို့ဆေးရုံရဲ့ Canteen ဟာ အစားအသောက်အလွန်ကောင်းတာကြောင့် အပြင်မှာလိုက်ကျွေးတာမဟုတ်ပေမယ့် ဆရာဝန်လေးတွေရဲ့အသံကတက်ကြွလို့။ phone ရဲ့ silent mode ကိုဖြုတ်နေရင်း သူပြုံးလိုက်မိတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်ဆိုတာ ပျော်စရာများတာပဲ။
"ဆရာ....ဆရာ့ဧည့်သည်ထင်တယ်....."
ဖုန်းကြည့်ရင်း လမ်းလျှောက်လာတဲ့ သူ့ကို ယောင်းချယ်က အသိပေးတယ်။ သူကြည့်လိုက်တော့ ခပ်လှမ်းလှမ်းကနေ သူ့ဆီကိုဦးတည် လျှောက်လာရင်း ပြုံးပြနေတဲ့ CEO Jeon ....
"ဘာကိစ္စရှိလို့လဲမသိဘူး......"
စကားပုလ္လင်မခံဘဲ မေးလိုက်တဲ့ ဒီမေးခွန်းဟာ
ရင့်သီးတယ်လို့ထင်ကောင်းထင်ရပေမယ့် Jungkook ကတော့အပြုံးမပျက်ဘဲ သဘောတွေကျနေတယ်။ သူ့ hyung ဟာ ခပ်ချေချေလူသားလေးပဲမဟုတ်လား။"လမ်းကြုံတာနဲ့ ဝင်လာခဲ့တာပါ...Dr Park အချိန်ရရင် coffee သောက်ကြမလား...."
အလုပ်တွေများနေတာကြောင့် hyung အခုထိ နေ့လယ်စာမစားရသေးတာကိုသိပေမယ့် သူ
မသိဟန်ဆောင်ကာမေးလိုက်တယ်။"ကျွန်တော်က နေ့လယ်စာသွားစားမလို့....."
"ရပါတယ်....အတူသွားကြတာပေါ့...ကျွန်တော်အဆင်ပြေပါတယ်....."
မသိမသာမျက်မှောင်ကျုံ့လိုက်တဲ့ ဆရာ့ကိုကြည့်ပြီး ပြဿနာတစ်ခုခုဖြစ်မှာ ယောင်းချယ်
စိတ်ပူလာတယ်။ ဒီလူကြီးတော့ ဆရာ့ရဲ့ဒေါသတွေကိုပိုင်ဆိုင်ရတော့မယ်လို့ သူထင်မိတာပဲ။
