ဇန်နဝါရီလ သုံးရက်နေ့။
သည်နေ့တော့ နေသာသည်။မိုးတိမ်ပန်းချီတို့က ဒါမျိုးဆိုသိပ်ကြိက်သည်လေ။နေသာနေတဲ့အချိန်လေး ပုံဆွဲဖို့ အိမ်ရှေ့ လမ်းမကြီးနားက ရေကန်ဆီသို့လှမ်းလိုက်သည်။
ထိုရေကန်က နေသာသည့်အချိန်ဆို ထိုင်လို့သိပ်ကောင်းသည်။ လေကတစ်ဖြူးဖြူးနှင့် ကုက္ကိုပင်ကြီးရဲ့အရိပ်က မိုးတိမ်လို လူသေးသေးလေးအတွက် နေရောင်ကိုကောင်းကောင်းကာပေးနိုင်သည်။
မိုးတိမ်ပန်းချီတို့များ လူကောင်က ဘယ်လောက်သေးသလဲဆိုရင် အသက်ကသာ ဆယ့်ရှစ်နှစ်..လူကောင်က ငါးပေခုနှစ်ကနေ မတက်။
ထပ်ပြီး မထွက်တဲ့အရပ်နှင့် ချစ်စရာကောင်းလှသည့် မျက်နှာလေးကြောင့် မိန်းကလေးများ၏ သဘောကျခြင်းအပြင် အစစ်အနေနဲ့ ယောက်ျားလေးတွေရဲ့ သဘောကျခြင်းကိုပါခံရသည်။တစ်ခါတစ်ရံဆိုရင် ရည်းစားစာတွေရတတ်သေးသည်။
မိုးတိမ် ရေကန်ဘက်ကိုကြည့်လိုက်တော့ လူရှင်းသည်မို့ ခုန်ဆွခုန်ဆွနှင့် စတိုခန်းထဲက ပန်းချီပစ္စည်းများသယ်ချလာသည်။
လူကောင်က သေးသည်မို့ ပစ္စည်းသယ်လျှင် နှစ်ခုထပ်ပိုမသယ်နိုင်။ဒါတွေကြောင့်လည်း ပုံတစ်ခါဆွဲခါနီး ပစ္စည်းသယ် အပို့က တစ်နာရီလောက်ကြာတတ်သည်။
" အမလေး..မောလိုက်တာ။အာ...ထပ်ပြီးမေ့ခဲ့ပြန်ပြီ။ ပုံဆွဲတာ စုတ်တံကသယ်မလာလို့ရမလား..မိုးတိမ် မိုးတိမ် မင်းပုံဆွဲတာများပြီး ဂေါက်များဂေါက်သွားသလား "
မိုးတိမ် ပန်းချီပစ္စည်းတွေချကာ စုတ်တံပြန်ယူရန်..ကိုယ့်ကိုကိုယ်အပစ်တင်ပြောဆိုရင်း လမ်းမကြီးကို အကူးမှာ တစ်ဖက်က လာသည့် ကားနှင့် တိုက်မိမလိုဖြစ်ပြီးလဲကျသွားသည်။
" ဟေ့..ချာတိတ် ဘာဖြစ်သွားသေးလဲ။ "
မိုးတိမ် မျက်လုံးထဲ လူတစ်ယောက်က ဝိုးတစ်ဝါးပေါ်လာသည်။ထိုလူဘာတွေပြောနေလဲ ကြားတော့ကြားရပေမယ့် သိပ်မသည်းကွဲ။မိုးတိမ် " ချာတိတ် " ဆိုသည့်တစ်လုံးသာ ပီပီပြင်ပြင်ကြားလိုက်ရသည်။
" ဟေ့..ချာတိတ် "
" ဟေ့..ဟေ့ မမေ့သွားနဲ့လေ။ အဲ့တာမှ ောက်ပြဿနာပဲ။ လောနေပါတယ်ဆိုမှ ီးပဲ "
YOU ARE READING
Love Story Illustration
Romance" မင်းလေးပုံဆွဲဖို့ နေရာမလောက်ရင် ကိုယ့်ရင်ဘက်ပေါ်မှာ လာဆွဲလို့ရတယ်နော် " • ရှိန်းထက်ဝေ " ကိုထက်ရေ ပုံဆွဲဖို့ Supplyတွေမရှိတော့ဘူး ဝယ်ပေးပါအုံး " • မိုးတိမ်ပန်းချီ Start - 1.8.2022