| 6 |

111 8 8
                                    

ရှိန်းထက်​ဝေ မနေ့ညက အတော်နောက်ကျမှ အိပ်ပျော်သွားသည်။နိုးနိုးချင်း ဆေးရုံကုတင်ထက်က ကောင်လေးကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။

ကောင်လေးအကြောင်း မနေ့ညက မအိပ်ခင်စုံစမ်းကြည့်တော့ ကောင်လေးက မိဘမဲ့တဲ့။ဒါပေမယ့် ကောင်လေးကတော့ ဘာမှမဖြစ်သလိုပဲနေနေတယ်တဲ့။

" ကောင်လေးက စိတ်ဒဏ်ရာတွေ အရမ်းများခဲ့တာပဲ "

ဆေးရုံကုတင်ထက်က ကောင်လေးရဲ့ လက်လေးကို ကိုင်ကာ ခပ်တိုးတိုးဆိုမိသည်။ကောင်လေးရယ်..သတိရလာချိန်တန်ပြီလေ။

" ဟင်! "

ကောင်လေးရဲ့ လက်ကိုကိုင်ထားရင် လက်ချောင်းလေးတွေ လှုပ်လာတာမို့ ဇွဲခန့်ကို အမြန်သွားခေါ်လိုက်သည်။

" ဇွဲခန့်..ကောင်လေး အဆင်ပြေသွားပြီလား။ဘယ်လိုနေသေးလဲ။ "

" ဖြည်းဖြည်းပြောပါ ငါ့ကောင်ရယ်။မင်း ကောင်လေး အကုန်အဆင်ပြေသွားပြီ။ဒါပေမယ့် ဆေးရုံမှာပဲနေခိုင်းအုံး...ပြီးတော့ အပျော့စာလေးတွေကျွေးပေး။မင်း ကောင်လေး​က အရမ်း အားနည်းလွန်းတယ် ရှိန်းထက် "

" အေးပါ။ငါ သေချာဂရုစိုက်မှာ။ကောင်လေး ငါ့ဆီမှ ပျော်စေရမယ်.. "

" အေးပါကွာ။ငါ သွား... "

ဇွဲခန့် စကားပင်မပြီးသေး အချစ်ရှိရာကို လှည့်ထွက်သွားတဲ့ ရှိန်းထက်ဝေကြောင့် ခေါင်းခါမိသည်။

" ကျေးဇူးမသိတတ်တဲ့ကောင်..သူငယ်ချင်းက ကူညီပေးထားတာကို "

~ ~ ~

ရှိန်းထက်ဝေ ကောင်လေးစားဖို့အတွက် ဆန်ပြုတ်ပြုတ်လာဖို့ မေမေတို့ကိုဖုန်းဆက်ပြောလိုက်သည်။

" ကောင်လေး.. "

" အင်း... "

ကောင်လေးက အသံလေးဖျော့ဖျော့နှင့် အဖြေပြန်လာသည်။ကောင်လေးက ထရန်ပြင်နေတာမို့ ကောင်လေးရဲ့ ခါးအောက်ကို လက်ကလေးလျှို့ပြီး ထူပေးလိုက်သည်။

" ကောင်လေး..အဆင်ပြေရဲ့လား "

" အင်း...ပြေ ပါ တယ် "

​စကားလုံး တစ်လုံးချင်း သေချာပြောနေရတဲ့ကောင်လေးက ဖြူဖတ်ဖြူရော်ဖြစ်နေသည်။ရှိန်းထက်ဝေ ကောင်လေးကို ဆူလိုက်ချင်ပေမယ့် ဒီလိုပုံစံဖြစ်နေတော့ မဆူရက်။

Love Story IllustrationWhere stories live. Discover now