" ကောင်လေး..အိပ်သွားပြီပဲ။ ပင်ပန်းနေရောပေါ့...စိတ်ချပါကောင်လေး မင်းကို ကိုယ်ချစ်တာမို့ ဘာတွေဖြစ်ဖြစ် ကိုယ်ရင်ဆိုင်မယ်။ "
ရှိန်းထက်ဝေရဲ့ ပုခုံးထက်မှာအိပ်ပျော်သွားတဲ့ ကောင်လေးကတော့ အေးအေးချမ်းချမ်းလေးသာ။ကောင်လေးကို ကုတင်ပေါ်အသာချကာ မျက်နှာလှလှပေါ် ဝဲကျနေတဲ့ ဆံနွယ်အချို့ကိုဖယ်ပေးပြီး နှာဖူးပြင်ထက် အနမ်းတစ်ပွင့်ခြွေမိသည်။
ကောင်လေး စိတ်မဆိုးလောက်ဘူးမို့လား။မနေနိုင်လို့ပါ..ချစ်တယ်ဆိုတာထက် မြတ်နိုးတာမို့။
" ကိုကို..မေမေခေါ်နေတယ်။ဟို..သူ့ကိုကောပဲ "
အသံခပ်ကျယ်ကျယ် နှင့် အခန်းဝနား လာအော်နေသော စုသက်ကြောင့် ရှိန်းထက်ဝေ မျက်မှောင်ကြုတ်မိသည်။ကောင်လေးအား စောင်ခြုံပေးပြီး အခန်းအပြင်ထွက်လိုက်သည်။
" အိပ်နေတယ်လေ မမြင်ဘူးလား။အသံတိုးစမ်း။ ငါလာခဲ့မယ် "
" ပြီးတာပါပဲ။ "
စုသက် အောက်ဆင်းသွားမှ ကောင်လေးဆီတစ်ဖန်ပြန်သွားကာ အနမ်းတစ်ပွင့်ထပ်မံခြွေလိုက်သည်။သည်တစ်ခါတော့ နှုတ်ခမ်းဖူးဖူးလေးတွေဆီသို့...။
" ရှိန်းထက်ဝေ!! "
ရှိန်းထက်ဝေ လှေကားဆီမှ ခြေချလိုက်သည်နှင့် ကြားလိုက်ရသည့်အသံက ဖေဖေ့ဆီမှ။
" မင်း ဘာစောက်ချိူးချိုးတာလဲ "
" ကျွန်တော် သူ့ကိုချစ်တယ် ဖေဖေ! "
ခွပ်!!
" မင်း စောက်ပါးစပ်ပိတ်ထား။မေကြီး မင်းသားကို မင်းပြောစမ်း "
ဖေဖေထိုးသည့်အရှိန်က ပြင်းတာမို့ လဲကျသွားသည်။
မေမေက သူ့အနားအပြေးလာကာ ထူပေးသည်။
ငယ်ငယ်ကတည်းက တစ်ခါကလေးမှ မရိုက်ခဲ့၊ ကုန်ကုန်ပြောရရင် လက်နဲ့ရွယ်တောင်မရွယ်ခဲ့ဖူးတဲ့ ဖေဖေက သူ့အားထိုးသည်ဆိုတော့ စိတ်ထဲအတော်ပင် ဝမ်းနည်းသွားသည်။" ကျွန်မ ဘာမှမပြောချင်ဘူးဖေကြီး။သားက အရွယ်ရောက်နေပြီ။ဒီဟာက သူ့ဆုံးဖြတ်ချက်ဆိုရင်..သူတာဝန်ယူနိုင်ရမယ်။သား ရှိန်းထက် "
YOU ARE READING
Love Story Illustration
Romance" မင်းလေးပုံဆွဲဖို့ နေရာမလောက်ရင် ကိုယ့်ရင်ဘက်ပေါ်မှာ လာဆွဲလို့ရတယ်နော် " • ရှိန်းထက်ဝေ " ကိုထက်ရေ ပုံဆွဲဖို့ Supplyတွေမရှိတော့ဘူး ဝယ်ပေးပါအုံး " • မိုးတိမ်ပန်းချီ Start - 1.8.2022