ကောင်လေး ခွဲစိတ်ခန်းထဲဝင်သွားသည်က နာရီဝက်နီးနီးရှိပြီဖြစ်သည်။ရှိန်းထက်ဝေ စိတ်အတော်ပူနေပြီဖြစ်သလို ကိုယ့်ကိုကိုယ်လည်း နားမလည်မိ။
သည်နေ့မှ တွေ့တဲ့သူတစ်ယောက်ကို ဒီလောက်စိတ်ဝင်စားပြီး ကြောင့်ကြနေရတာက ရှိန်းထက်ဝေရဲ့အကျင့်မဟုတ်ပေ။ကိုယ့်သွားမယ့် လမ်းအရှေ့မှာ လူတစ်ယောက်သေနေတောင် လှည့်ကြည့်မယ့်လူစားမျိူးမဟုတ်...ဒါပေမယ့် ဒီကောင်လေး။
ကောင်လေးကိုတော့ စစတွေ့ထဲက စိတ်ထဲကကို လိုလိုလားလား ဂရုစိုက်ပေးချင်ခဲ့တာဖြစ်သည်။
" ဇွဲခန့်..ဇွဲခန့် ကောင်လေးအခြေအနေဘယ်လိုရှိလဲ "
ခွဲခန်းထဲက သူငယ်ချင်းဖြစ်သူဇွဲခန့် ထွက်လာတာနဲ့ အပြေးသွားကာမေးမိသည်။ဇွဲခန့်က သူ့အားအံ့ဩစွာကြည့်နေသည်။
" အကုန်အဆင်ပြေတယ်။သွေးထွက်မလွန်သွားတာ ကံကောင်းတယ်ပြောရမယ်..နောက်ပြီး အဲ့ကောင်လေးက မင်း... "
" အေး..ငါ့ချစ်သူ။သူ့ကိုသာ ဆုံးရှုံးသွားရင် ငါသေမှာ ဇွဲခန့်။ "
ဇွဲခန့်က သူ့ကို အချိန်ခဏအထိ ကြောင်တောင်တောင်ဖြင့် ကြည့်နေသေးသည်။ရှိန်းထက်ဝေ ဇွဲခန့်ရဲ့ ခန္ဓာကိုယ်ကို လှုပ်လိုက်မှသာ သတိပြန်ဝင်လာသည်။
" မင်း..ရှိန်းထက်ဝေ ဟုတ်ရဲ့လား။ "
" ဘာလဲ။ "
ရှိန်းထက်ဝေ မျက်နှာတည်တည်နဲ့ပြောလိုက်ကာမှ ဇွဲခန့်က သက်ပြင်းချကာ...
" တော်ပါသေးရဲ့..ရှိန်းထက်ဝေ ကလုန်းထင်လို့။ "
" ီးမို့ ကလုန်းရမှာလား။ ကောင်လေး အခြေအနေကောင်းတာသေချာလား။ငါ ကောင်လေးဆီ သွားမလို့ "
" ဟိုး..ဟိုး နေပါအုံး။သူအကုန်အဆင်ပြေပြီ..မင်းအိမ်ပြန် အဝတ်အစားသွားလဲအုံး..သွေးတွေချည်းပဲ "
ဇွဲခန့်က ရှိန်းထက်ဝေ အင်္ကျီကို လက်ညှိုးထိုးပြကာ မျက်နှာမဲ့ရွဲ့ပြီးပြောလေသည်။
" မသွားဘူး။ အင်္ကျီထက် ကောင်လေးက အရေးကြီးတယ်။ "
" ပြောလေ ကဲလေပါလား။ မင်း လင်က သတိရလာရင် သွေးမြင်ပြီး လန့်မှာဆိုးလို့ပြောနေတာဟေ့..ီးလိုပဲ ကဲ။ "
YOU ARE READING
Love Story Illustration
Romance" မင်းလေးပုံဆွဲဖို့ နေရာမလောက်ရင် ကိုယ့်ရင်ဘက်ပေါ်မှာ လာဆွဲလို့ရတယ်နော် " • ရှိန်းထက်ဝေ " ကိုထက်ရေ ပုံဆွဲဖို့ Supplyတွေမရှိတော့ဘူး ဝယ်ပေးပါအုံး " • မိုးတိမ်ပန်းချီ Start - 1.8.2022