| 8 |

91 8 2
                                    

တစ်လ ကြာသော်...

" ကဲ..ကောင်လေး။ဆေးရုံက ဆင်းပြီဆိုတော့..ဘာလုပ်ချင်လဲ ပြော။ "

" အမ်..ကိတ်မုန့်စားချင်တယ် "

" ဟုတ်ပြီဗျာ..သွားကြမယ်။နေဦး နေဦး ဘာလုပ်ဖို့ကြံနေတာလဲ "

ကုတင်ပေါ်ကနေ ခြေထောက်ချဖို့ကြံနေတဲ့ ကောင်လေးကို အရှေ့ကနေ အရပ်အရှည်ကြီးဖြင့် ပိတ်ထားလိုက်သည်။

" ကိတ်မုန့်ဆိုင်သွားဖို့လေ။ "

" လမ်းမလျှောက်ရဘူးလို့ပြောထားတယ်လေ..ဒီကောင်လေး မုန့်ဆိုတာနဲ့ ဘာမှမမြင်တော့ဘူး "

" ဟင်..ဪ..ဪ မေ့လို့ ဟီးဟီး "

" လာ..ကိုယ်ချီသွားမယ်။ မင်းလေးက ဘာလုပ်လုပ် ရှပ်ပြာရှပ်ပြာနဲ့ စိတ်ချလို့ရမဘူး။ "

စကားတပြောပြောနှင့် ပန်းချီ့အား မ ချီနေတဲ့ ရှိန်းထက်ဝေ ရဲ့ ပါးကို လှမ်းနမ်းလိုက်သည်။

" ချီလို့ ဆုချတာ။ "

" ကောင်လေးကတော့ကွာ.. "

" သွားမယ် သွားမယ်။ ဗိုက်ဗိုက်က ဆာနေပြီ။ "

" သခင်လေး သဘောပါဗျာ။ "

​ရှိန်းထက်​ဝေ ကောင်လေးကို ချီလျက် ကားပါကင်ဆီသို့ထွက်လာခဲ့သည်။လက်ကကောင်လေးကတော့ မနေ့က ဝယ်ပေးထားတဲ့အရုပ်လေးကို ပိုက်ကာငြိမ်ငြိမ်လေးလိုက်ပါလာသည်။

မနေ့က အဲ့သည့်အရုပ်ကို ​မြင်မြင်ချင်း ကိုယ်တော်ချောက ကုတင်ပေါ်ကနေ ပြေးဆင်းလာတာကြောင့် လမ်းမှာချောလဲပြီး ခြေထောက်ကျိုးမလိုဖြစ်သွားသေးသည်။

ရှိန်းထက်ဝေ ထိုအရုပ်ကို ကောင်လေးဆီကနေ ယူပြီး လွှင့်ပစ်မယ်ကြံတော့ ကောင်လေးက သူ့အားဖက်ကာ ချွဲချွဲနွဲ့နွဲ့ပြောတာမို့ ရှိန်းထက်ဝေ အကြံမအောင်မြင်ခဲ့။

ကောင်လေး အိပ်ပျော်သွားတဲ့အချိန် ကုတင်ပေါ်ကနေ တိတ်တိတ်လေး ယူပြီး လွှင့်ပစ်မယ် ကြံသော်လည်း ကိုယ်တော်ချောက အအိပ်စက်တာနဲ့တိုးပြီး တစ်ညလုံး ချော့လိုက်ရသေးသည်။

" ကဲ..မုန့်ဆိုင်ရောက်ပါပြီဗျ။ကိုယ် ချီမယ်နော် လမ်းလုံးဝ မလျှေက်ရဘူး "

Love Story IllustrationWhere stories live. Discover now