| 9 |

113 8 4
                                    

" ကဲ..ရပါပြီဗျာ။ကုန်အောင်မစားလည်းရတယ်နော် ကောင်လေး။ "

" အင်းပါ.. "

ကောင်လေးက ရှိန်းထက်ဝေ သယ်လာတဲ့ကိတ်မုန့် ဗန်းကိုကြည့်ကာ လျှာကိုသပ်လိုက်သေးသည်။

" ဟဲ့ဟဲ့ ဟိုဝိုင်းက ကောင်လေးက ချစ်စရာလေးနော်။ဘဲကြီးနဲ့ဆိုတော့ ဟိဟိ အတွဲတွေထင်တယ် "

တစ်ဖက်ဝိုင်းက ကောင်မလေးနှစ်ယောင်က ရှိန်းထက်ဝေ နှင့် မိုးတိမ်ပန်းချီကိုကြည့်ပြီး တီးတိုးပြောနေကြသည်။

ကောင်လေးလည်း ကြားသွားသည်ထင် ကိတ်မုန့်စားနေရင်းမှ ထိုကောင်မလေးနှစ်ယောက်ဝိုင်းသို့ အကြည့်ရောက်သွားသည်။

သို့သော် အကြည့်များက လူဆီမှာတော့မဟုတ် ကောင်မလေးနှစ်ယောက်ရဲ့ စားပွဲပေါ်မှာ တင်ထားသည့် ကိတ်မုန့်ဆီမှာ။

" ကောင်လေး ဘယ်လဲ.. "

ကောင်လေးက စားပွဲကိုကြည့်နေရင်းမှ ရုတ်တရက်စကာ ကောင်မလေးနှစ်ယောက်ဆီသို့ ထသွားတာကြောင့် လှမ်းမေးလိုက်သည်။

ကောင်မလေးနှစ်ယောက်ဆီလှည့်ကြည့်လိုက်​တော့ နှစ်ယောက်ထဲမှ တစ်ယောက်က ဇွန်းဖြင့် ကိတ်ကိုဖဲ့ပြီး ကောင်လေးဆီ လှမ်းကျွေးနေသည်။

" မိုးတိမ်ပန်းချီရယ်..မင်းရဲ့ လင်ယောက်ျားဖြစ်သူက ဆိုင်တစ်ဆိုင်လုံးကိုတောင် ဝယ်ပေးနိုင်ပါတယ်ကွာ.. "

ကောင်လေးဆီ သို့သွားကာ ဆွဲခေါ်လာခဲ့သည်။ဒါတောင် ကိုယ်တော်ချောက ဇွန်းထဲကမုန့်ကို ရအောင်စားလိုက်သေးတာ..

" ကဲ..ထိုင်။ စားချင်ရင် ကိုယ့်ကိုပြောရောပေါ့ ကောင်လေးရယ်။ဘာလို့ သူများဟာ သွားစားရတာတုန်း.. "

" ..... "

" ကောင်လေး! "

ကောင်လေးက သူ့အားလှည့်ပင်မကြည့် ဟိုဘက်ဝိုင်းက ကောင်မလေးနှစ်ယောက်ရဲ့ မုန့်ဆီမှ အကြည့်တို့က မခွာသေး။

ရှိန်းထက်ဝေ စိတ်မရှည်တော့သဖြင့် ခေါင်းကိုဆွဲလှည့်ကာ ခရင်အနည်းငယ်ပေကျဲနေသော ကောင်လေးရဲ့ နှုတ်ခမ်းအား နမ်းလိုက်သည်။

Love Story IllustrationWhere stories live. Discover now