Russiaနိုင်ငံ၊ Saint Petersburg မြို့ရဲ့ Dark Angel Bar တွင် အတိုအပြတ်များနှင့်မိန်းမပျိုလေးများက ပုရိသယောကျာ်းတို့၏ အမြင်နှင့်ကာမမီးများကို နှိုးဆွနေသယောင် လှပစွာဝတ်စားထားပီး Dancing floorတွင်ကပြနေကြသည်။ ဆူညံနေသည့် DJ သံများကြားတွင် မြူးမြူးကြွကြွနှင့်ကနေသူများအပြင် ဆေးသုံးသူများ၊မှောင်ခို ပစ္စည်း ရောင်းဝယ်နေကြသူများ၊ ညငှက်ကလေးများ နှင့်ထွေးပွေ့ပျော်မွေ့နေကြသူများ လည်းရှိကြပေသည်။ ဤ Bar သည်ကား Russia နိုင်ငံ၏ အကြီးမားဆုံး နှင့် အများဆုံးသော မှောင်ခိုများပြုလုပ်သည့် နေရာတစ်ခုပင်။
ထိုနေရာအား အစိုးရဘက်မှလည်း မသိကျိုးကျွံပြု၍နေ နေလေ၏။ အကြောင်းရင်းမှာ နိုင်ငံ့ထိပ်သီးခေါင်းဆောင်အချို့နှင့်စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ လာဘ်ပေးလာဘ်ယူလုပ်ရာ၊ မကောင်းမှု့တို့လုပ်ရာနေရာ အဖြစ်သတ်မှတ်ထားသောကြောင့်ဖြစ်လေသည်။၎င်း Bar ၏ အောက်ဘက်မြေအောက်ခန်းများထဲတွင်လည်း သွေးအလိမ်းလိမ်းနှင့်လူများမှာ မြင်လို့မကောင်းအောင် ရုပ်ပျက်နေကြသည်။ အချို့မှာ မျက်စိတစ်ဖက်ပင်မရှိ၊တချို့ကျပြန်တော့လည်း လက်ချောင်း ခြချောင်းများ ဖြတ်ခံထားရ၊ နောက်အခန်းထဲတွင်တော့ ဖြတ်ထားသည့်ခေါင်းများမှာ သွေးတစက်စက်ယိုကျနေ၍ သံချိတ်ပေါ်တွင်ချိတ်လျက်သားရှိနေလေသည်။
ထိုစဥ် အခန်းတစ်ခုထဲမှ မိန်းမတစ်ယောက်၏အော်ဟစ်ပြောဆိုသံမှာလည်း ဆူညံလှပေသည်။
" လွှတ်စမ်း..ငါ့ကိုလွှတ်ပေးကြစမ်း..နင်တို့ငါဘယ်သူလဲဆိုတာမသိဘူးလား..ငါက Heller လုပ်ငန်းစုရဲ့အမွေဆက်ခံသူဟဲ့..နင်တို့ရဲ့ညစ်ပတ်တဲ့လက်တွေနဲ့မကိုင်နဲ့ ငါ့ကိုလွှတ်ကြစမ်း "
ရွှေအိုရောင်ဆံပင်ရှည်နှင့် မြင်သူတိုင်းကိုငေးမောစေနိုင်သော အလှရှိသည့် ထိုအမျိုးသမီးမှာ သူမအား သန်မာလှသည့်လက်များနှင့် ချုပ်နှောင်ထားသည်ကို အော်ဟစ်ပြောဆိုနေခြင်းဖြစ်သည်။ အဘယ့်ကြောင့် ချုပ်ခံရသည်ဆိုတာကို ထိုအမျိုးသမီးသာ သိလိမ့်မည်။
ရုတ်တရက် အခန်းတံခါးပွင့်လာပီး မြင့်မားသောအရပ်နှင့် ပျိုတိုင်းကြိုက်သည့် ခန္ဓာကိုယ် ကိုပိုင်ဆိုင်ထားကာ တည်တင်းပီး အချိုးအစားထောင့်ကျသော မျက်ခုံးတို့ကို စုကျုံ့၍ အခန်းထဲသို့ဝင်လာသော အမျိုးသားတစ်ဦး။ ထိုလူ၏ ကျဥ်းမြောင်းပီးစူးရှသောအကြည့်တို့ရှိသည့် ဘယ်ဘက်မျက်လုံးပေါ်တွင် ဒေါင့်ဖြတ်အမာရွတ်တစ်ခုရှိနေလေသည်။ ထိုအမာရွတ်ရှိသော်ငြားလည်း ၎င်းအမျိုးသားမှာ ချောမောခန့်ညားနေဆဲပင်။