"ပြောပါဦးကိုကို.... အဲ့လူကချောလားဟင်"
"...."
"ကိုကို...စန္ဒီမေးတာဖြေဦးလေ ချောလားလို့...အရပ်ရောရှည်လား...ပီးတော့ ကိုရီးယားမင်းသားတွေလိုပုံမျိုးလားဟင်...ကိုကို..ကိုကိုလို့..ကိုကို"
စန္ဒီတစ်ယောက် hotpotအိုးထဲမှအသားများအားဆယ်ယူရင်းစိုင်းလင်းမြတ်အား တရစပ်မေးနေလေသည်။
"ဟ...အမွှေစိန်မ...ငါစားနေတာမမြင်ဘူးလား...ဘယ်နှယ့် မိန်းကလေးဖြစ်ပီး အိန္ဒြေလေးဘာလေးဆည်ပါဦး...ကြည့်ရတာ ဆပ်ပြာသည် လင်ပျောက်နေသလိုဘဲ"
"ဟွန့် ကိုကိုကလဲ"
"ကိုကိုကလဲ လာမလုပ်နဲ့...သူများတွေအေးဆေးအစားစားနေတဲ့အချိန်မှာ နင်ငြိမ်ငြိမ်မနေနိုင်ဘူးလား မျောက်မရဲ့"
"ဟာ...ကိုကို ဒါတော့လွန်သွားပီနော် စန္ဒီကသိချင်လို့မေးတဲ့ဟာကို မဖြေချင်ရင်လည်း မဖြေနိုင်ဘူးလို့ ပြောပေါ့..ဘာလို့ သူများကိုအဲ့လိုလာခေါ်နေရတာလဲ ဟွန့်"
စန္ဒီမှ စိတ်ဆိုးသောအသံဖြင့်ပြောဆိုရင်း ပုစွန်များအား hotpotအိုးထဲသို့တဗက်ဗက်နှင့် ပြစ်ထည့်နေလေသည်။
"မိစန္ဒိမ...ငါ့ကိုhotpotအရည်တွေလာစင်တော့မယ် ဖြည်းဖြည်းထည့်ဟဲ့.. ဒီကောင်မလေး ငါထလုပ်လိုက်ရ ဟင်းးဆိုင်မှာမို့သည်းခံနေတာ အိမ်ရောက်ရင်ဒင်းတွေ့မယ် တွေ့မယ်"
စိုင်းလင်းမြတ်မှ အံတကြိတ်ကြိတ်ဖြင့်သူ၏ညီမဖစ်သူအား ကြိမ်းမောင်းနေလေသည်။
"အိမ်ရောက်မှမတွေ့လည်းရတယ် အခုတွေ့နေရတာဘဲမလား လာလေ ကိုကိုကစန္ဒီကိုလုပ်ရဲလို့လား ဟမ် blah blah blah"
စန္ဒီဘက်ကလည်းနှုတ်ခမ်းတလန်ပန်းတလန်ဖြင့် ပြန်လည်ရန်တွေ့နေလေသည်။
"နင်သေတော့မယ်" "အံမယ် ကိုကိုလုပ်ရဲတာလည်းမဟုတ်ဘဲ"
ထိုမောင်နှမနှစ်ယောက်စကားအချေအတင်ဖစ်နေကြသည်ကို ဘာမှမကြားသယောင်မရှိသယောင်နှင့် hotpotကိုသာ မဲပီးစားနေသည့် ခွန်း တစ်ယောက် အသား ကုန်သွား၍သွားယူရန်ထလိုက်စဥ်
"ဒုတ်" "အ"
ခွန်း တစ်ယောက်ယောက်နှင့်တိုက်မိပီးအနောက်သို့လှန်ကျတော့မလိုဖစ်သွားလေသည်။