David စံအိမ်သို့ပြန်ရောက်ချင်းသူ၏မိခင်ဆုံးပါးသွားလေ၏။ Ivanတို့မိသားစုလည်းDavidထံတွင်အလုပ်လုပ်ရင်းတနှစ်အကြာနေရပ်သို့ပြန်ချိန်တစ်ဖက်ဂိုဏ်း၏လုပ်ကြံမှုကြောင့်Ivanနှင့်ဇနီးဖြစ်သူဆုံးပါးသွားပီး ကျန်ရှိခဲ့သော Jhon အား Davidမှပြန်လည်ခေါ်ယူစောင့်ရှောက်ထားပီးနောက်လက်ထောက်အဖြစ်ခန့်အပ်ခဲ့သည်။ ထို 15နှစ်အတောအတွင်း ပန်းခေါင်းအဖွဲ့အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သလို ရုရှားနှင့်အာရှတွင်လည်းBlack bearသည်အင်အားကြီးမားသောဂိုဏ်းအဖြစ်ယခုချိန်ထိရပ်တည်နိုင်ခဲ့လေသည်။ ယခုDavidမှာ အရင်ကလိုနုနယ်သည့်ကလေးတစ်ယောက်မဟုတ်တော့ဘဲ တောရိုင်းဝက်ဝံကဲ့သို့ခွန်အားကြီးမားပီးအရာရာကိုနောက်မတွန့်လုပ်ဆောင်နိုင်သောလက်ရဲဇက်ရဲအမျိုးသားပင်ဖြစ်နေလေပေ၏။
(ပစ္စုပန်ကာလ)
Davidတို့ကားသည်စံအိမ်အတွင်းသို့ချိုးကွေ့ပီးဆင်ဝင်အိမ်အောက်တွင်ရပ်လိုက်သည်နှင့်များစွာသောအခြွေအရံတို့ကတန်းစီလျက်ခေါင်းငုံ့အရိုအသေပေးကြလေသည်။
"အလုပ်မှာအဆင်ပြေခဲ့ပါရဲ့လား သခင်လေး”
အသက်40အရွယ် အိမ်တော်ထိန်းဟုထင်ရသောအမျိုးသမီးကြီးမှစကားဦးသမ်းလေ၏။
"အင်း..အဆင်ပြေပါတယ်” David အိမ်တော်ထိန်း၏မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပီးနောက်
"Madam.Alina ကျွန်တော်စာကြည့်ခန်းထဲမှာရှိနေမယ်”
"ဟုတ်ကဲ့ပါ သခင်လေး”
Davidနှင့်Jhon စာကြည့်ခန်း စာရွက်စာတမ်းများပြန်လည်စစ်ဆေးနေစဥ်
"ဒေါက်..ဒေါက်”(တံခါးခေါက်သံ)
"ဝင်ခဲ့”
"သခင်လေး Black lemon teaပါ”
"ထားခဲ့လိုက်ပါ madam”
"အိမ်တွင်းသူလျှိုနှစ်ယောက်ဝင်ပါတယ် သခင်လေး”
"ဘယ်လောက်ကြာပီလဲ”
"ရောက်လာတာ နှစ်ရက်ဘဲရှိပါသေးတယ်”
"အခု စစ်ဆေးရေးခန်းထဲမှာပါ”
"အီတလီကကောင်တွေဘဲမလား”