"ကျလိ ကျလိ ကျလိ ကျလိ"(ငှက်အော်သံ)
"တီတီတီတီ...တီတီတီတီ"(နာရီAlarmသံ)
"ဟာ...ဒီနာရီကတော့ကွာ"
ခွန်းဆင့်နောင်ချိုတစ်ယောက်အအိပ်မက်သူပီပီ နာရီနှိုးစက်အားပိတ်လိုက်လေသည်။"ဒေါက်..ဒေါက်..ဒေါက်"(တံခါးခေါက်သံ)
"သားရေ...သားခွန်း..ထတော့လေကွယ်..နေမြင့်နေပြီ..အိပ်တာကြာရင်ခေါင်းတွေကိုက်နေမယ်..တီီလေးနံနက်စာကိုသားအကြိုက်အုန်းနို့ခေါက်ဆွဲချက်ထားတယ် သားရဲ့"
ဒေါ်ချမ်းမြချိုတစ်ယောက် သူမရဲ့တူတော်မောင်အားအခန်းပြင်မှနှိုးနေလေ၏။အစ်မဖြစ်သူမှမွေးထားသောတစ်ဦးတည်းသောသားလေးကို ညီမဖြစ်သူ ဒေါ်ချမ်းမြချိုတစ်ယောက် တော်တော်ချစ်ရှာပါသည်။ ညီအစ်မနှစ်ယောက်ရှိရာအစ်မဖြစ်သူ ဒေါ်ခွန်းမြချို ကအိမ်ထောင်သည်ဖြစ်ပီး ညီမဖြစ်သူ ဒေါ်ချမ်းမြချိုကတော့အပျိုကြီးပင်။ ဒီကလေး အသက် 14နှစ်မှာတင် အစ်မဖြစ်သူနဲ့ ခဲအိုဖြစ်သူတို့ accident ဖြစ်ပီးဆုံးပါးခဲ့ရာ ယခုသူမမှ အုပ်ထိန်းနေရခြင်းပင်ဖြစ်သည်။ ဒေါ်ချမ်းမြချိုသည် မန္တလေးတွင်ပိုးထည်တိုက်ပိုင်ရှင်ဖြစ်ရာ ငွေရေးကြေးရေးပြေလည်သူဖြစ်၏။သူမယခုရှာဖွေနေသမျှသည် သူမ၏တူတော်မောင်အတွက်သာဖြစ်သည်။
"သားခွန်း....အခုထတော့နော်...အခုမှမထရင် ဗိုက်ကြောပြတ်ခံထိမယ်"
" ဂျောက်"(တံခါးဖွင့်သံ)
"ဟာ..တီလေး မလာနဲ့ သားအခုထပီ.. ထပီ..ဟီးဟီး"
"ဟွန်းး...ဖြစ်ရမယ်...မျက်နှာသစ် ကိုလက်သန့်စင်ပီး အောက်ဆင်းလာခဲ့နော်...တီလေး ကြီးညိုကို အုန်းနို့ဟင်းရည်သွားနွှေးခိုင်းဦးမယ်"
"ဗျာ..အုန်းနို့ခေါက်ဆွဲလား...ကြိုက်ပီ...ငခွန်းတို့ကတော့ကြိတ်ပီဗျို့...အာ့ကြောင့်တီလေးကိုချစ်တာ"
ခွန်းတစ်ယောက် ကပျာကယာနဲ့ရေချိုးခန်းထဲသို့ပြေးဝင်သွားလေသည်။"ဟဲ့..ဟဲ့..အော်..သားရယ်..ဖြေးဖြေးသွားပါ..တီလေးထမင်းစားခန်းမှာစောင့်နေမယ်"
"ဟုတ် တီလေး" ဒေါ်ချမ်းမြချိုခေါင်းတခါခါနဲ့ အောက်ဆင်းသွားလေသည်။