"ဝေ့..မြရည်...ညည်းယောကျာ်းလူဖြူကြီးရော..လာပါဦးဝေ..ဒီမှာတနေ့ကဂျီသားရတာယူသွားဦး”
မြရည်ရွာထဲဝင်ဝင်ချင်းပင် ဦးဆုန်ခိုက်ဆိုသည့်Ivan၏မိတ်ဆွေ ရှမ်းလူမျိုးကြီးမှအကြမ်းရည်သောက်ရင်းလောကွတ်ချော်နေလေသည်။
"ဟုတ်..ဦးဆုန်..Ivanမအားလို့ပါ”
"အေ့ဝေ့..သူလည်းဆေးမြစ်တွေရှာရတာဘယ်အားမလဲ..နောက်တခါ အမဲလိုက်မှအိမ်လာလည်မယ်..ပြီးတော့ Ivanကိုခြေလက်တွေနာလို့လိမ်းဆေးလေးဖော်ပေးပါဦးလို့ပြောလိုက်ပါဦး...ဟိုတခါဆေးက ကုန်နေပီ”
"ဟုတ်ကဲ့..ဦးဆုန် ပြောလိုက်မယ်..နောက်လမ်းတခါလမ်းကြုံရင်ဆေးယူခဲ့မယ်လေ..အခုရွာထဲသွားစရာရှိလို့”
"အေးးအေး..သွား..အပြန် ဂျီသားဝင်ယူသွားဦးနော့”
"ဟုတ်ကဲ့..သွားပီနော် ဦးဆုန်”
ဦးဆုန်မှာခေါင်းတညိတ်ညိတ်နှင့်အကြမ်းရည်ဆက်သောက်နေလေသည်။
"ကြီးပုံရေ..ကြီးပုံ...မြရည် ဖုန်းဆက်ချင်လို့”
ကုန်စုံဆိုင်ပိုင်ရှင် ကြီးပုံမှာ သူမခန္ဓာကိုယ်ဝဖိုင့်ဖိုင့်ကြီးနှင့်အိမ်ထဲမှထွက်လာလေသည်။
"မြရည်ပါလား..မလာတာတောင်ကြာပီနော်..ညည်းယောကျာ်းရော”
"အိမ်မှာကြီးပုံ..မြရည်ဖုန်းဆက်ချင်လို့”
"အေး..အေး..ဆက်လေ...အဲ့မှာတယ်လီဖုန်း”
"ဟုတ်ကဲ့”
မြရည်လည်းကုန်စံဆိုင်ခုံပေါ်မှာတင်ထားတဲ့ ကြိုးဖုန်းကိုကိုင်ကာလက်တစ်ဖက်မှဂဏန်းများအားနှိပ်နေလေသည်။
"တူ......တူ...တူ...”(ဖုန်းဝင်သံ)
"Hello”
"Hello..I want to talk with 221”
(Hello..ကျွန်မ 221နဲ့ပြောချင်လို့ပါ)မြရည်လည်းIvan သင်ပြလိုက်သည့်အတိုင်းစာရွက်နဲ့မှတ်ထားသည်များကိုပြောလေ၏။
"Password?”
(စကားဝှက်)"We can do everything what we want”
(ငါတို့လိုချင်တာမှန်သမျှငါတို့လုပ်နိုင်တယ်)"Confirm!”
(အတည်ပြုပီးပါပြီ)"Hello! 221 is talking”
(Hello! 221 ပြောနေပါတယ်)