"သား Jhonရေ...အဖေတို့ပြန်လာပီဟေ့”
နိုင်ငံခြားသားအသွင် ကြေးနီရောင်ဆံပင်နှင့်မျက်ဝန်းပြာများရှိသောအမျိုးသားတစ်ဦးသည်ကျောတွင်မှိုအပြည့်ထည့်ထားသောပလိုင်းအားလွယ်ကာဘေးမှ အမျိုးသမီးတစ်ဦးအားဖက်ရင်း တဲအိမ်လေးဘက်သို့လှည့်ကာအော်ပြောနေလေ၏။အိမ်လေးထဲမှကောင်လေးတစ်ဦးထွက်လာပီး၎င်းတို့ဆီအပြေးလာကြိုလေသည်။
"ဖေဖေ..အိမ်ထဲကအစ်ကိုကြီးနိုးနေပီ..ပီးတော့သားပြောတာတွေကိုသူနားမလည်ဘူးထင်တယ်..ဖေဖေ့လိုလည်းစကားမပြောတတ်ဘူးထင်တယ်..လာ..လာ” ဟုဆိုကာအဖေဖြစ်သူအားဆွဲခေါ်သွားလေသည်။
"ဟဲ့သား...အော် မင်းအဖေကိုအတင်းမဆွဲပါနဲ့သားရယ်...မှိုတွေပြုတ်ကျကုန်မယ်”
အနောက်မှပိတုန်းရောင်ဆံပင်၊ညိုလဲ့လဲ့မျက်ဝန်း၊ရွှေဝါရောင်သမ်းသောအသားအရည်နှင့်မြန်မာဆန်ဆန်လှနေသောအမျိုးသမီးမှဆိုလေသည်။
"ဟုတ်ကဲ့ပါ... မေမေရဲ့”
"အင်းပါ...ဒီကလေးကတော့..အဟင်းးဟင်း”
မြရည်တစ်ယောက်သားဖြစ်သူအားကြည့်ရင်းရီနေလေ၏။သားဟာ သူမကဲ့သို့ပိတုန်းရောင်ဆံသားများရှိပေမဲ့ဖအေနှင့်တူစွာမျက်ဝန်းပြာများရှိလေသည်။သား၏ဖအေမှာrussiaနိုင်ငံသားတစ်ဦးဖြစ်ပီးကံဆုံ၍သူမနှင့်အိမ်ထောင်ကျရခြင်းဖြစ်သည်။သူမ၏အမျိုးသားဟာ အန္တရာယ်နှင့်ကြုံတွေ့ခဲ့ရ၍သူမ၏အဖေထံတွင်ဆေးကုသမှု့ခံရာမှ ရေငံကြခြင်းဖြစ်သည်။သားအဖေဟာrussiaဆိုသော်လည်း မြန်မာစကားအားပီသစွာပြောနိုင်၏။ယခုလည်း သူမအဖေ၏ဆေးပညာအားသင်ယူခဲ့ပီးသူမနှင့်အတူသားလေးအားစောင့်ရှောက်နေခြင်းပင်။မြရည်တစ်ယောက်တွေးတောနေသည်များကိုခေါင်းခါဖျောက်ရင်းတဲထဲသို့ဝင်ကာသားတော်လေးအားကြည့်ရင်းအမောဖြေရပေဦးမည်။
Davidတစ်ယောက်ဖခင်ဖြစ်သူအားတွေးနေရင်းအခန်းဘက်သို့ဦးတည်လာသောခြေသံကိုကြားတော့မှအတွေးများကိုဖျောက်ကာအခန်းဝသို့ကြည့်နေလေသည်။မကြာမီအခန်းထဲသို့လူတစ်ဦးဝင်လာကာDavid၏ခန္ဓာကိုယ်အားသေချာဝေ့ဝိုက်ကြည့်ပီးနောက်