Chapter One

606 49 2
                                    

~ For Unicode ~

တီ တီ တီ!

နှိုးစက်ကိုပိတ်ရင်း အိပ်ယာကထလာခဲ့သူ..နေ့သစ်အစမှာ ပထမဆုံးလုပ်ရမှာကတော့ ကိုယ်လက်သန့်ရှင်းရေးပဲ မဟုတ်လား...

ပြတင်းပေါက်နားသွားပြီး လိုက်ကာကိုဖွင့် ပြတင်းပေါက်တံခါးကိုလည်းဖွင့်လိုက်တဲ့အခါ အခန်းထဲသို့ တိုးဝင်လာတဲ့ နေရောင်​ြခည်စူးစူး...အင်း...ရာသီဥတုက အလုပ်လုပ်လို့ကောင်းမဲ့ ရာသီဥတုပဲ...။

" ကယူလေးရေ မနက်စာစားရအောင် "

မေမေ့ခေါ်သံကြောင့် အခန်းထဲကထွက်လာရင်း မနက်စာစားဖို့ ထမင်းစားခန်းထဲကို ဝင်သွားလိုက်သည်။ ဖေဖေထိုင်နေတဲ့ ဘေးနားဝင်ထိုင်ရင်း မေမေပြင်ပေးထားတဲ့ ထမင်းဟင်းများကို စတင်သုံးဆောင်တော့သည်။ မစားခင် မေမေနဲ့ ဖေဖေကို နှုတ်ဆက်ဖို့တော့ မမေ့။

" သားရေ...ဒီနေ့ တောင်ပေါ်က ရှေးဟောင်းကျောင်းတစ်ခုကို လေ့လာဖို့သွားရမယ်မလား "

" ဟုတ်တယ် ဖေဖေ သားအဲ့အတွက် တာဝန်ကျတယ် ဒီနေ့ကတော့ အဲ့ကအခြေအနေ သွားကြည့်ရုံပါ ​ေနာက်နေ့တော့ တောင်ပေါ်မှာပဲနေပြီး သားလေ့လာရမယ်ထင်တယ် "

" အင်း...ကြိုးစားနော်သားလေး အိုးခြမ်းပဲ့တွေပဲ လေ့လာနေရင်း အစားစားဖို့လည်း မမေ့နဲ့အုံး "

ရီပြီးပြောလာတဲ့ဖေဖေကြောင့် ကိုယ်ရော မေမေပါ အတူရီမိကြသည်။ ဟုတ်သည် ငယ်ငယ်ကတည်းက ရှေးဟောင်းပစ္စည်းတွေလေ့လာတာကို သဘောကျသောကြောင့် ကြီးလာတော့လည်း ရှေးဟောင်းပညာရှင်ပဲ ဖြစ်လာခဲ့သည်။

ဒါကလည်း ရှေးဟောင်းပညာရှင်ဖြစ်တဲ့ ကိုယ့်ဖေဖေကြောင့်လည်းပါတယ်။ ငယ်ငယ်ကတည်းက ဖေဖေအလုပ်သွားရင် လိုက်သွားသောကြောင့် ဝါသနာပါလာခဲ့တာလို့ ပြောရမှာပေါ့။

တစ်ခါတစ်လေ ရှေးခေတ်အိုးတွေ လေ့လာနေရင်း ထမင်းစားဖို့ကို မေ့တက်သည်လေ။

မနက်ခင်းမှာ အားဖြည့်ပြီးပြီဆိုတော့ အလုပ်လုပ်ဖို့သွားရတော့မှာပေါ့။ ယန်ဆော်လ်တောင်ပေါ်မှာ မကြာခင်ကမှ ရွာသားတစ်ယောက်က ရှေးဟောင်းကျောင်းတစ်ခုကို တွေ့ခဲ့သည်လေ။ ထိုကျောင်းကိုလေ့လာဖို့ ရှေးဟောင်းသုတေသနပညာရှင်တွေထဲမှာ ကိုယ်လည်း အပါအဝင်ပေါ့။

Love From The Air (Uni x Zaw) /Complete/Where stories live. Discover now