Chapter Six

200 41 0
                                    

~ For Unicode ~

ငါ့ဘဝရဲ့ ရောင်စုံကာလာများကို မင်းနဲ့အတူရေးဆွဲချင်တာ~~~

" အကိုအာဆာဟိ ကျွန်တော့်ကိုလိုက်ရှာနေတယ်ဆိုလို့ "

အာဆာဟိရှိနေတဲ့ တဲထဲကိုဟာရူတို ဝင်သွားကာ အနားရှိတဲ့ထိုင်ခုံကို ဆွဲယူရင်း ထိုင်လိုက်သည်။ မက်တပ်ရပ်ပြီး အလုပ်လုပ်နေတဲ့ အာဆာဟိက သူ့ဘက်ကိုလှည့်လာကာ...

" အင်း မင်းအကိုမာရှီဟို ဖုန်းဆက်တယ် ငါတို့ဘယ်ချိန်ပြန်လာမှာလဲတဲ့ "

" အကိုကော ဘယ်အချိန်ပြန်မှာလဲ "

" ငါက ကိုးရီးယားမှာပဲ ဆက်လေ့လာရလောက်အုံးမှာ မင်းကတော့ပြန်ချင်ပြန်လို့ရပါတယ် "

" ဟင့်အင်း ကျွန်တော်မပြန်ချင်သေးဘူး ဒါပေမဲ့ ခဏတော့ပြန်မယ် ပြီးရင် ဒီကိုပြန်လာမယ် "

" ဘာလို့လဲ "

အာဆာဟိအမေးကို ဟာရူတိုချက်ချင်းပြန်မဖြေနိုင်ပေ။ သူ့စိတ်ထဲမှာ အဖြေရှိနေပေမဲ့ ဒီအဖြေကို သူ့ထုတ်ပြောဖို့ရာ ဝန်လေးနေမိသည်။

" အာ....ကျွန်တော် "

" အကိုဂျွန်ကယူကြောင့်လား "

ဟာရူတိုမျက်လုံးလေးတွေပင် ပြူးလာရသည်။ သူ့ပုံစံက အဲ့လောက်တောင် သိသာနေလို့လား သူဘယ်သူ့ကိုမှ ထုတ်မပြောဖူးသေးပဲနဲ့လေ...?

တစ်ဖန်ဟာရူတိုမှာ ပြုံးမိသွားသည်။ ဂျွန်ကယူ ဆိုသည်နှင့် သူ့ရဲ့စိတ်အစုံကို လွှမ်းမိုးနိုင်သည် နာမည်လေးနဲ့တင်လည်း ပြုံးအောင်လုပ်နိုင်သည်လေ။

သူပြုံးနေတာကို ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကိုလည်း သူသတိမထားမိလောက်​ေအာင်ကိုပေါ့။

" မင်း အကိုဂျွန်ကယူကို သဘောကျနေတာလား "

သူ့အကြောင်းသိနေပြီဖြစ်တဲ့ အာဆာဟိကိုတော့ မဖုံးကွယ်ချင်တော့...

" ဟုတ်တယ် ကျွန်တော် အကိုဂျွန်ကယူကို သဘောကျတယ် "

ဟာရူတိုစကားသံအဆုံးမှာ ခဏလောက်တိတ်ဆိတ်ငြိမ်သက်သွားတဲ့ လေထု။

ဟာရူတိုက ရှက်ရှက်နဲ့ပဲ စကားလမ်းကြောင်းကို လွှဲပစ်လိုက်သည်။

Love From The Air (Uni x Zaw) /Complete/Where stories live. Discover now