Chapter Eight

192 34 0
                                    

~ For Unicode ~

သစ်ပင်ပေါ်ကကြွေကျလာတဲ့ သစ်ရွက်လေးကို ရုပ်ရှင်ထဲကလို အနှေးပြကွက်အနေနဲ့ မြင်ရရင် တော်တော်လှမှာနော် ~ ~ ~

မေပယ်လ်ပင်ကြီးအောက်မှာ ထိုင်နေကြတဲ့ ကောင်လေးနှစ်ယောက်...ေန့လည်ခင်းဖြစ်တာကြောင့် သစ်ရွက်တွေကြားထဲမှ ဖျာကျလာတဲ့ နေရောင်လေးက ထိုကောင်လေးနှစ်ယောက်ကို နွေးထွေးမှုပေးနေသယောင်...

" ရူတို "

" ဗျာ "

ကိုယ့်ရဲ့လက်တစ်ဖက်ကို ဆွဲကိုင်ထားရင်း လက်ချောင်းလေးတွေကို ဆော့ကစားနေသူဟာ အကြည့်မလွှဲချင်စရာပင်။ သူခေါ်လိုက်တော့ ပြုံးရင်း ပြန်ထူးလိုက်တာက သူဟာရူတိုကို စွဲလမ်းသွားစေတဲ့ အကြောင်းရင်းပဲ ထိုအပြုံးတွေက လူကို ရူးသွပ်စေသည် မဟုတ်လား...။

" မနေ့ညက ေမးတဲ့ ကျောက်ခဲလေးတွေအကြောင်းလေ... "

ဆော့ကစားနေတဲ့ လက်တွေက ရပ်တန့်သွားကာ သူ့ကိုကြည့်နေတဲ့ မျက်ဝန်းတွေကလည်း ရှောင်ဖယ်သွားသည်။

" အဲ့ဒါက ကျောက်ခဲနှစ်ကို တစ်ကလည်းချစ်တယ် နှစ်ကလည်း တစ်ကိုချစ်နေတာပဲဆိုတော့ ပြီးပြီမဟုတ်လား "

" မဟုတ်သေးဘူးလေ ရူတို "

အဝေးကို ကြည့်နေတဲ့ မျက်ဝန်းတွေက တစ်ဖန်သူ့ဆီ ပြန်ရောက်လာကာ...

" ကျောက်ခဲသုံးကိုလည်း သူ့ခံစားချက်ကို နားလည်ပေးပြီး သေချာပြောရမယ် မဟုတ်လား သူမခံစားရအောင် "

အကို့ပုံက စာရေးဖို့အကြံပေးနေတဲ့ပုံနဲ့မတူဘူး မဟုတ်မှ အကိုကသိနေခဲ့တာလား...

" အကိုက အဲ့လိုလုပ်စေချင်တာလား ".

" အင်း အဲ့ဒါမှ အကိုလည်း စိတ်သက်သာမယ်ထင်တယ် "

" အကို... "

" ဒီရက်ပိုင်း မင်းနဲ့ အာဆာဟိ စကားမပြောဖြစ်ကြဘူးမလား "

အကိုက သိနေခဲ့တာပဲ...

" ဒီတိုင်းကြီးတော့ မနေဘဲ စကားသေချာပြောလိုက်ပါနော် "

သူ့ကိုလာဖက်တဲ့သူကို ဂျွန်ကယူပြန်ဖက်ပေးရင်း ကျောလေးကို ပုတ်ပေးနေလိုက်သည်။

Love From The Air (Uni x Zaw) /Complete/Where stories live. Discover now