Chapter Four

185 43 0
                                    

~ For Unicode ~

လှပတဲ့ချစ်ခြင်းတရားဆိုတာ ဘာပါလိမ့်...?

" အကိုဂျွန်ကယူ "

ဟော်...ရောက်လာပါပြီ မနက်ခင်းတိုင်း ဂျွန်ကယူအလုပ်လုပ်နေတဲ့နားကို ေကာ်ဖီတစ်ခွက်နဲ့အတူ အမြဲရောက်ရောက်လာတက်တဲ့ ဟာရူတိုပေါ့။

" ကျေးဇူးပါ "

ကော်ဖီခွက်လေးကိုယူလိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်တော့ ပြန်ပြုံးပြသည်လေ။

ခုဆို မနက်ခင်းတိုင်း ကော်ဖီခွက်လေးကိုင်ပြီး ရောက်လာမယ့်ကောင်လေးကို သူမျှော်နေတက်ပြီ။ မနက်ခင်းတိုင်း သူ့ကိုပြုံးပြနေတဲ့ ထိုအပြုံးလေးကော အပါအဝင်ပေါ့။

" ကျောက်စာစစ်တာ အခြေအနေဘယ်လိုလဲ အကို "

" ခုသိရသလောက်တော့ ဒါကရွာလေးတစ်ရွာ ဖြစ်ခဲ့ဖူးတယ် ဒါပေမဲ့ဒီရွာက ပျက်စီးသွားတယ်တဲ့ အကြောင်းအရင်းကတော့ လေ့လာဆဲ ဟီး "

" စိတ်ဝင်စားဖို့ကောင်းသားပဲ "

" အင်း ရူတိုက ဒီရွာအ​ကြောင်းစာရေးချင်လို့လား "

" ဟုတ် ဖြစ်နိုင်ရင်ပေါ့ "

ဂျွန်ကယူက ဟာရူတိုနဲ့ရှိနေရင် အမြဲပြုံးနေသလို ဟာရူတိုလည်း ဂျွန်ကယူနဲ့အတူရှိနေရင် ပြုံးနေတာပါပဲပေါ့။

အာရုံစိုက်ပြီးအလုပ်လုပ်နေတဲ့ အကိုကို ဟာရူတိုမှာ ကြည့်လို့မဝပေ။ တစ်ချက်တစ်ချက် မျက်မှောက်ကြုံပြီး ဆူထွက်လာတဲ့နှုတ်ခမ်းလေးကလည်း အူယားစရာအတိ။ အလုပ်လုပ်နေတဲ့နား သူဒီလိုဘေးကနေထိုင်ကြည့်နေတာကို မမောင်းထုတ်လို့ တော်ပါသေးတယ်။

အသံမထွက်ပဲ ပါးစပ်လှုပ်ရုံလေးဖြင့် သူပြောလိုက်တယ် "ချစ်တယ်" ဆိုတာလေး။ ဒါပေမဲ့ လေညှင်းလေးက ဒီစကားကို သူ့ဆီသယ်ဆောင်ပေးသွားသည့်အလား အကိုက သူ့ဘက်ကို လှည့်ကြည့်လာသည်။

" ရူတို တစ်ခုခုပြောလိုက်တာလား "

" ဟင် ဗျာ...မပြောပါဘူး ကျွန်တော်...."

အဆင်သင့်မဖြစ်သေးတဲ့ သူ့စိတ်ကို ဖွင့်ပြောဖို့ရာလည်း ကြောက်နေမိသည်။ မဟုတ်ရင် အကိုက သူ့ကိုမုန်းသွားနိုင်သည်လေ။

Love From The Air (Uni x Zaw) /Complete/Where stories live. Discover now