~ For Unicode ~
ညဘက်မှာ တောက်ပနေတဲ့ လမင်းကြီးက အချစ်ရဲ့ သင်္ကေတလေးတစ်ခုတဲ့ ~~~
" ဆာဟိရား ရော့ လန်းသွားအောင် ဒါလေးသောက်လိုက်အုံး "
ပုံမှန်လာပေးနေကျ ဖျော်ရည်ခွက်ကို ကျေးဇူးတင်စကားဆိုကာ ယူလိုက်ပြီး အလုပ်သာပြန်လုပ်နေလိုက်သည်။
" ဆာဟိရား နားပါအုံး မင်းကြည့်ရတာ ပင်ပန်းနေပုံပဲ "
" ရတယ် ငါဘာမှ မဖြစ်ဘူး "
ဂျယ်ဟျော့ ဘာမှထပ်မပြောဘဲ ဘေးကနေသာ ရပ်ကြည့်နေလိုက်သည်။ မျက်စိကို စားပွဲပေါ်ဝေ့ဝဲကြည့်လိုက်တော့ မြင်လိုက်ရတဲ့ စာရွက်လေးတစ်ရွက်ပေါ်က နာမည်လေးတစ်ခု....
" ဟာရူတို? "
ဂျယ်ဟျော့အသံကြောင့် မော့ကြည့်လာတဲ့ မျက်ဝန်းတစ်စုံ...ထို့နောက် စာရွက်လေးပေါ်ကို ရောက်ရှိသွားတဲ့ မျက်ဝန်းလှလှလေး...
" ဟုတ်တယ် ဟာရူတို "
" ဒါက ကျောက်စာကို ဘာသာပြန်ထားတဲ့ဟာမဟုတ်လား မဟုတ်မှ..."
" ဟုတ်တယ် ကျောက်စာမှာ ဟာရူတိုဆိုတဲ့နာမည်ပါတယ် သတ်ခံလိုက်ရတဲ့ ဂျပန်ကောင်လေးနာမည်က ဟာရူတို "
ပါးစပ်ကလည်း ပြောနေရင်း အလုပ်ဆက်လုပ်နေသော အာဆာဟိကို ဂျယ်ဟျော့နားမလည်စွာ ကြည့်နေမိသည်။
" ဒါဆို ကောင်မလေးနာမည်ကော...? "
" ကောင်မလေးနာမည်မပါဘူး မင်းတွေ့တဲ့အတိုင်းပဲ အဲ့လိုပဲရေးထားတာ ကျောက်စာရဲ့ နောက်ဆုံးစာကို "
ဂျယ်ဟျော့ စာရွက်ကို ကိုင်ကာ အသံထွက်ဖတ်မိသည်။
" ဟာရူတို တစ်နေ့နေ့တော့ ဒီတောင်ပေါ်မှာ ပြန်ဆုံဆည်းကြတာပေါ့ "
မဖြစ်နိုင်တာ ဒါဘယ်လိုအခြေအနေလဲ...?
" ဟာရူတိုဆိုတဲ့နာမည်တွေက အများကြီးရှိနိုင်တာပဲလေ ပြီးတော့ ဒီမှာ မျုိးရိုးနာမည်မှ မပါတာ "
" အင်း ဟုတ်တယ် မင်းပြောသလိုဘဲ ဖြစ်မှာပါ "
ငြိမ်သက်သွားတဲ့လေထု...ဒီလိုအခြေအနေက အရမ်းခက်ခဲတာပဲ...
VOCÊ ESTÁ LENDO
Love From The Air (Uni x Zaw) /Complete/
Fanficချစ်တယ်ဆိုတဲ့စကားလေးကို လေညှင်းလေးက သူ့ဆီသယ်ဆောင်ပေးသွားခဲ့တယ်....❣ ချစ်တယ်ဆိုတဲ့စကားလေးကို လေညှင်းလေးက သူ့ဆီသယ်ဆောင်ပေးသွားခဲ့တယ်....❣ Haruto x Junkyu Jaehyuk x Asahi