Chapter Three

209 46 0
                                    

~For Unicode~

မှိတ်တုတ် မှိတ်တုတ်နဲ့ သဘာဝရဲ့မီးအိမ်လို့ခေါ်ကြတဲ့ ပိုးစုန်းကြူးအကောင်လေးတွေက ဟိုဟိုဒီဒီ ပျံဝဲလို့ပေါ့။

ပိုးစုန်းကြူးလေးတွေကို ရပ်ကြည့်နေတဲ့ ဟာရူတိုအနားကို သွားလိုက်ရင်း...

" ဟာရူတို "

နူးနူးညံညံလေးပဲ...ခေါ်သံကြောင့် ဟာရူတိုလှည့်ကြည့်လိုက်တော့...နှလုံးခုန်မြန်စေတဲ့ အကြောင်းအရင်းရဲ့ ပိုင်ရှင်လေး...

" အကိုဂျွန်ကယူ..."

လရောင်နဲ့ မျက်စိရှေ့မှာ မြင်နေရတဲ့ ထိုလူသားက ဘယ်လောက်တောင် လှလိုက်လဲ....

" မအိပ်သေးဘူးလား အကို... "

" အင်း...အိပ်မပျော်သေးလို့ "

နှစ်ယောက်လုံးရဲ့အကြည့်တွေက ပိုးစုန်းကြူးလေးတွေဆီကိုသာ....

" အကိုသိလား ပိုးစုန်းကြူးလေးတွေက တစ်နှစ်ပဲ အသက်ရှင်နိုင်တယ်ဆိုတာ "

" ဟင် ဟုတ်လား ဘာလို့လဲ "

မျက်လုံးလေးပြူးကာ သူ့ကိုပြန်မေးလာပုံက မြတ်နိုးဖွယ်ရာ အတိ။

" သူတို့သက်တမ်းပေါ့ မွေးဖွားလာပြီး အချိန်ပြည့်ရင် သေကြရတာပဲ "

" အချိန်ကတိုလွန်းတာပေါ့ "

" ဟုတ်တယ်...တစ်နှစ်ဆိုတဲ့အချိန်က အရမ်းတိုလွန်းတယ် ဒါပေမဲ့လည်း အဲ့အချိန်အတွင်းကိုပဲ အဖြစ်အပျက်တွေအများကြီး ဖြစ်နိုင်တာပဲလေ "

ကိုယ့်ဘက်လှည့်လာကာပြောလာတဲ့ ဟာရူတိုကို ဂျွန်ကယူ ခေါင်းလေးစောင်းနေရင်း ပြန်ကြည့်နေမိသည်။ သူနဲ့မျက်လုံးချင်းဆုံသွားတိုင်း လွှဲပစ်ဖို့က ခက်ခဲလွန်းလှသည်။

" ဟာရူတို "

အာဆာဟိခေါ်သံကြောင့် နှစ်ယောက်လုံးအနောက်ကို လှည့်ကြည့်မိသည်။

" အကိုအာဆာဟိ အိပ်ပျော်နေပြီ မဟုတ်ဘူးလား "

" အင်း တစ်ရေးနိုးလာတာ အဲ့ဒါမင်းကိုမတွေ့လို့ "

" ဟာရူတိုက ကလေးမှမဟုတ်တာ ဆာဟိရာ "

ဟော်...ရောက်လာပြန်ပြီ သံလိုက်လိုပဲလိုက်ကပ်နေတဲ့ ယွန်ဂျယ်ဟျော့။

Love From The Air (Uni x Zaw) /Complete/Kde žijí příběhy. Začni objevovat