- တရုတ်စကားပန်းလေးရဲ့ အဓိပ္ပါယ်က
ကိုယ့်ဘဝရဲ့နောက်ဆုံးအချစ်ဖြစ်ပေးနိုင်မလား တဲ့။-
အသက်(20)ဝန်းကျင်လောက်
ကောင်ငယ်လေး တစ်ယောက်ရဲ့
လောကကြီးကို အရွဲ့တိုက််ခဲ့ပုံတွေပေါ့။1990 ခုနှစ်လောက်က ဖြစ်ခဲ့မယ်ထင်တယ်။
သူမေ့ချင်ခဲ့တဲ့မှတ်ဥာဏ်တွေက ဝိုးတဝါးဖြစ်နေဆဲ။ကြီးမားကျယ်ပြန့်လှတဲ့ သင်္ဘောဦးပိုင်းအပေါ်မှာ
လူပေါင်းများစွာ ရှုပ်ယှက်ခက်နေခဲ့တယ်။သင်္ဘောထွက်ခါနီးအခြေအနေဆိုတော့
နှုတ်ဆက်စကားပြောသံတွေလား
လမ်းခွဲစကားပြောသံတွေလား
သေချာမသဲကွဲပြန်တော့။"စိတ်ရှုပ်လိုက်တာ"
တီးတိုးလေးရေရွတ်လိုက်တဲ့
သင်္ဘောဦးက ကောင်လေးတစ်ယောက်။သူများတွေလို အများနဲ့ရပ်နေတာမဟုတ်ပဲ
တစ်ယောက်တည်းသီးခြားရပ်လို့နေတယ်။ထင်းနေတဲ့ မျက်ခုံးမွှေးထူထူလေးတို့အပြင်
ခပ်ချွန်ချွန်နှာတံလေးနဲ့ ကကြီးပုံနှုတ်ခမ်းတို့။
နဖူးပေါ်ဝဲကျနေတဲ့ အညိုရောင်ဆံသားနုနုတွေ။
အချိုးကျစွာပြည့်စုံနေတဲ့ မျက်နှာအချိုးအစားဟာ
ဘုရားသခင်ရဲ့ အချိန်ဘယ်လောက်ကြာကြာယူပြီး
ထုဆစ်ထားခဲ့ရတဲ့ နတ်ဘုရားငယ်လေးဖြစ်မလဲ။နှုတ်ခမ်းမှာကိုက်ထားတဲ့စီးကရက်အတိုလေးကို
ခပ်ပြင်းပြင်း တစ်ချက်မှုတ်ထုတ်လိုက်တိုင်း
စိတ်အစုံဟာ ပိုတိုးလို့ရှုပ်ကုန်တယ်။ညနေခင်းအချိန်အခါက
ကြည်နူးစရာကောင်းမနေတာတော့ အသေအချာပဲ။လူတွေတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံပြီးရင်
ခွဲခွါကြရမှာ သဘာဝပဲမလား။ခွဲခွါရမယ့်သူတွေအချင်းချင်း ချစ်ခြင်း မုန်းခြင်း
အဲ့ဒီ့လို ခံစားချက်တွေထားနေကြသေးတယ်လို့။
ပိုင်ဆိုင်လိုခြင်း ရယူလိုခြင်းတွေလည်းပါသေးတယ်။တစ်ဖက်လူရဲ့စိတ်ဆန္ဒမပါပဲ ရယူလိုခြင်းကို
ချစ်ခြင်း ဆိုပြီး ခေါင်းစဉ်တပ်ကြဖို့ကိုလည်း
ဝန်မလေးကြပြန်ဘူး။