အချိန်ဘယ်လောက်ကြာအောင်သူတို့ငိုကြွေးခဲ့ကြလဲမသိပေမယ့် အသိပြန်ဝင်တဲ့အချိန်မှာ သူ့ခြေထောက်တွေ အတော်လေးထုံနေခဲ့ပြီ။
အငိုတိတ်သွားချိန်ပြောလာခဲ့ပေမယ့်
သူ့ဆီကလား ကိုယ့်ဆီကလားမသဲကွဲတဲ့
ရှိုက်သံတစ်ချို့ကတော့ ကျန်ရှိနေဆဲ။"မေမေက ကိုယ် ၈ နှစ်အရွယ်မှာဆုံးသွားတယ်"
ဘာလို့ပြောပြလဲမသိပေမယ့်
သူကတော့ တိတ်တိတ်ကလေးနားထောင်ပေးရုံပါပဲ။"မေမေကသိပ်ကိုလှတဲ့ အမျိုးသမီး။
တရုတ်စကားပန်းတွေကိုလည်းသိပ်ကြိုက်တာ။
ကိုယ့်ဆီက ပါးချိုင့်နဲ့ သွားစွယ်ချွန်ချွန်လေးတွေက
မေမေ့ဆီကရခဲ့တဲ့ တစ်ခုတည်းသော အမွေတွေပဲ။"ဖလင်ဓါတ်ပုံထဲမှာကြည့်ရုံနဲ့တင်
အတော်လှတဲ့အမျိုးသမီးမှန်း သူသိ၏။"အဲ့ဒီလိုလှပတဲ့အမျိုးသမီးရဲ့ အိမ်ထောင်ရေးကတော့ နည်းနည်းလေးတောင် မလှပခဲ့ဘူး"
ခါးနားကအင်္ကျီစကိုဆုပ်ကိုင်ထားတဲ့လက်အစုံတို့
တင်းသွားကြောင်းကို ငါသတိပြုမိလိုက်တယ်။
ပခုံးကိုခပ်ဖွဖွလေးပုတ်ကာ နှစ်သိမ့်ပြန်တော့
လက်ကအားတွေပြန်လျော့ကုန်တယ်။"မေမေသေဆုံးရတဲ့အကြောင်းရင်းက အဲ့ဒီ့လူကြောင့်။
သူ့ရှေ့မှာ ဖောက်ပြန်နေပေမယ့် အချိန်အတိုင်းအတာ
တစ်ခုထိ မသိချင်ယောင်ဆောင်ပေးထားတုန်းပဲ။"တစ်စနဲ့တစ်စတုန်ယင်လာတဲ့အသံတွေကိုနားထောင်ရင်း
ဘယ်လောက်တောင်နာကျင်နေခဲ့မလဲ ခံစားလို့ရတယ်။"ကိုယ့်အဖေဆိုတဲ့သူက အဲ့လိုလုပ်ရပ်တွေလုပ်နေတာကို
ကိုယ်သေချာသိတတ်တဲ့အရွယ်မဟုတ်သေးဘူး။
အဲ့ဒီလိုဖောက်ပြန်တဲ့သူက နောက်တစ်ယောက်တည်းနဲ့ကျေနပ်လားဆိုတော့လည်း မဟုတ်ပြန်ဘူး။
တစ်ညကိုတစ်ယောက်ပြောင်းပြီး အိပ်ရာပေါ်တင်ခဲ့တာလေ။ တရားဝင်ဇနီးတစ်ယောက်လုံးရှိနေရက်သားနဲ့..."လူယုတ်မာ...အဲ့လိုပြောဖို့တောင်မတန်ဘူး။
"တစ်နေ့ မေမေက ကျောင်းလာမကြိုခဲ့ဘူး။
အဲ့တာနဲ့ပဲ တစ်ယောက်တည်းပြန်ခဲ့တာ။
မေမေစီးနေကျဖိနပ်ကိုသိနေပေမယ့်
ကိုယ်တို့အိမ်ရှေ့ တံခါးဝမှာရှိနေတာ
မေမေ့ဖိနပ်ဟုတ်မနေခဲ့တာ သိနေတယ်။
၈ နှစ်အရွယ်ဆိုတာ သေချာမတွေးတတ်သေးပေမယ့်
ဖြစ်ရပ်တွေကို ရှင်းရှင်းလင်းလင်းမှတ်မိနိုင်တဲ့
ဥာဏ်ကောင်းတဲ့အရွယ်မလား။
အဲ့ဒီမှာပဲ...အဲ့ဒီ့မှာ..."