- 3

397 78 0
                                    

မနက်မိုးလင်းတဲ့အခါမှာတော့ သူတို့သင်္ဘောက
ဟာဝိုင်အီ ကမ်းခြေကိုကပ်တယ်။

တရုတ်စကားပန်းတွေပေါပြီး
သိပ်ကိုလှတဲ့နေရာတစ်ခုပဲ။

ဟာဝိုင်အီကမ်းခြေက အလေ့အထတစ်ခုကို
သူကြားဖူးနားဝရှိခဲ့ဖူးတယ်။

ကိုယ်နှစ်သက်တဲ့သူကို
တရုတ်စကားပန်းလေးပေးလိုက်လို့
အဲ့ဒီလူက တရုတ်စကားပန်းကလေးကို
ညာဘက်နားမှာပန်လိုက်တဲ့အခါ
လက်ခံတယ် သဘောကျတယ်လို့ယူဆကြပြီး
သူရဲ့ဘယ်ဘက်နားမှာပန်လိုက်ကြရင်တော့
ပိုင်ရှင်ရှိပြီးသားပါယူဆကြတယ်တဲ့။

ညကတည်းက အတူတူရှိကြတဲ့
သူတို့နှစ်ယောက်က မနက်အထိပါပဲ။

ကမ်းခြေကိုရောက်ရောက်ချင်း အဲ့ဒီ့လူက
တရုတ်စကားပန်းတွေ သဲသောင်ပြင်ပေါ်ကို
ကြွေကျနေတဲ့နေရာဆီ ရောက်သွားတယ်။

သူကတော့ အနောက်ခံကောင်းကင်ပြာပြာလေးရယ်
အဆုံးမရှိမြင်နေရတဲ့ ပင်လယ်ပြာပြာကြီးရယ်
အဲ့ဒီပန်းတွေကို တယုတယကောက်နေတဲ့သူရယ်
ပန်းချီကားတစ်ချပ်ကို ဖန်တီးနေရသလို
အကြည့်မလွှဲနိုင်ခဲ့ပြန်ဘူး။

အဲ့ဒီ့အသက်ဝင်နေတဲ့ ပန်းချီကားလေးက
အာရုံတွေများနေပုံပါပဲ။

တရုတ်စကားပန်းတွေကို အများကြီးကောက်ထားရင်း
သင်္ဘောပေါ်ကို ပြန်ရောက်တဲ့အထိကို တစ်စုံတစ်ခုကို
သဲကြီးမဲကြီးပုံဖော်နေတယ်။

ခေါက်ပိုက်ဆံလေးက ဘေးနားမှာကျနေလို့
သူကောက်ယူလိုက်တော့ ပိုက်ဆံအိတ်ကြားထဲက
ဖလင်ဓါတ်ပုံသေးသေးလေးထွက်ကျလာတယ်။

ဓါတ်ပုံလေးက ပြောင်းပြန်ဖြစ်နေလို့
ကျောဘက်က လက်မှတ်သုံးခုနဲ့
နာမည်လေးတွေကိုတွေ့တယ်။

ပတ်ခ်မူဂန် ပတ်ခ်ဆူယွန်း ပတ်ခ်ဆောင်ဟွန်း။

နာမည်တူမရှား လူတူမရှားရှိတတ်လို့
တုန်လှုပ်သွားတဲ့စိတ်ကို ထိန်းထားခဲ့သေးတယ်။

ဘုရားသခင်က ဆုတောင်းတွေအကုန်လုံးကို
မဖြည့်ဆည်းပေးတတ်တာ သူမေ့သွားတယ်။

တစ်ဖက်ကိုလှန်ကြည့်တော့
မိသားစုပုံတစ်ပုံကိုတွေ့တယ်။

𝙲𝚒𝚐𝚊𝚛𝚎𝚝𝚝𝚎𝚜,𝙿𝚕𝚞𝚖𝚎𝚛𝚒𝚊 & 𝙻𝙾𝚅𝙴  [SungJake]Hikayelerin yaşadığı yer. Şimdi keşfedin