အခန်း(၇)

3.5K 323 1
                                    

'I'd climb every mountain ××× And swim every ocean....'

ဟင်... Calum Scott ရဲ့ You are the reason။

ဝေ သိပ်ကြိုက်သောသီချင်း။

'ဖုန်းလာနေတာ၊ တို့ကိုဖုန်းယူပေးပါလား၊ဧည့်ခန်းက စားပွဲပေါ်မှာ'

ဝေ ထပြီး သွားယူပေးလိုက်သည်။
တော်သေးသည်။ ဖုန်းလာလိုက်လို့။ မဟုတ်ရင် ခုနကမေးခွန်းအတွက် ဝေ့မှာ အဖြေမရှိ။

စားပြီးသွား၍ နှစ်ယောက်စလုံး၏ ပန်းကန်များကို ယူပြီး ဆေးကြောထားလိုက်သည်။ ဒေါ်မေဖြူစင် ဖုန်းပြောနေတာ တော်တော်နှင့် မပြီးသေး။ တစ်ခါတစ်ခါ ဝေနားမလည်သော အင်္ဂလိပ်စကားလုံးတွေကို ညှပ်ညှပ်သုံးသည်။ ဝေမကြားစေချင်၍တော့ ဟုတ်ဟန်မတူပါ။ အလုပ်ကိစ္စပဲဖြစ်ဟန်တူသည်။ ဝေ စကားမဖြတ်ချင်၍ ဧည့်ခန်းထဲတွင် သွားထိုင်ရင်းစောင့်နေမည် စိတ်ကူးသည်။

အမယ် မိုင်လိုဆိုတဲ့ အကောင်က ဆိုဖာပေါ်မှာ အကျအနနဲ့ ဇိမ်ယူနေပါလား။

ကြမ်းပြင်ပေါ်မှာ ဆေးတွေ ပတ်တီးလိပ်တွေ ပြန့်ကြဲနေသည်။ စနစ်တကျ ပြန်သိမ်းပေးလိုက်သည်။

'Ok. See ya!!'

ဖုန်းပြောလို့ ပြီးသွားပြီထင်သည်။ ဝေ ထမင်းစားခန်းထဲသို့ ဝင်လိုက်သည်။

'Sorry အလုပ်ကိစ္စလေး ပေါ်လာလို့၊ ပန်းကန်တွေ ဆေးလိုက်တာလား၊ မဆေးလည်းဖြစ်တာကို'

'ရပါတယ် အန်တီ၊ အပန်းမကြီးပါဘူး၊ အဲ့ဒါဆို ဝေ ပြန်တော့မယ်၊ တကယ်လို့ ခိုင်းစရာ တစ်ခုခုရှိရင် ခေါ်လိုက်ပါ၊ ဝေ ကျောင်းပိတ်တယ်'

'မင်း ဖုန်းနံပါတ် ပေးဦးလေ'

ဖုန်းနံပါတ်ပေးသင့်၊ မပေးသင့် ဝေ ချိန်ဆနေစဉ်

'ဘာလဲ၊ ဒီကနေ အိမ့်သက်ဝေ...အိမ့်သက်ဝေလို့ အော်ခေါ်ရမှာလား'

'ခြံစည်းရိုးနားက ကပ်ခေါ်ရင်တော့ ကြားရပါတယ်'

ဝေ ရိုင်းသွားပြန်ပြီလားမသိ။ ဒေါ်မေဖြူစင်က ရပါတယ် မင်းသဘောပါဆိုတော့လည်း ဝေ မနေနိုင်။ ဖုန်းကို ဆွဲယူကာ နံပါတ်ရိုက်ထည့်ပေးလိုက်သည်။ အန်တီ ဘေကုန်မှာစိုးလို့ပါ ဟု ဆင်ခြေပေးရင်း လှည့်ထွက်ခဲ့တော့သည်။ လှည့်ထွက်သွားသော ဝေ့ နောက်ကျောကိုကြည့်ရင်း ပြုံးနေသော မေဖြူစင်ကိုတော့ ဝေ မမြင်နိုင်ပါ။

အချစ်လေတံခွန်Where stories live. Discover now