နွေရာသီ အဆောင်ရှေ့က ခရေပင်ကြီးတွင် ခရေပန်းလေးတွေ ဖွေးဖွေးလှုပ် ပွင့်နေကြသည့်အပြင် အပင်အောက်မှာလည်း ခရေပန်းအညှိုးလေးတွေ ပျံ့ကျဲလျက်ရှိသည်။
ခရေချစ်သူ သက်ထား က မြေပြင်ပေါ်က ခရေပန်းလေးတွေကို လိုက်ကောက်ကာ သီကုံးပြီး ဆံထုံးပေါ်တွင်ရစ်ခွေပန်လေ့ရှိသည်။
ဒီနေ့တော့ ကောက်စရာခရေပန်းလေးတွေရှိမနေ။ အဲ့အစား သစ်ပင်အောက်က ခုံတန်းလျားလေးပေါ်မှာ သီပြီးသားခရေကုံးလေးရှိနေခဲ့သည်။
သက်ထား ရဲ့ ပါးလျလျ နှုတ်ခမ်းပါးလေးပြုံးသွားပြီး ခရေကုံးလေးကို ရစ်ပတ်ပန်ဆင်လိုက်သည်။ ပန်ဆင်ထားတဲ့ ခရေပန်းကုံးလေးနဲ့လိုက်ဖက်စွာ သက်ထားမျက်နှာအမူအရာ နဲ့ ကိုယ်နေဟန်ထားကလည်း နူးညံ့သိမ်မွေ့လွန်းသည်။
မိန်းမသားတစ်ယောက်မဟုတ်သည်မို့၊ ရင်သား ကောက်ကြောင်းရှိမနေပေမယ့် ဝတ်ထားတဲ့ မြန်မာဝတ်စုံ ယဉ်ယဉ်လေးက သက်ထား နဲ့ ပနံသင့်နေသည်။
"ကိုမောင်ဦး မင်ဘာကိုချောင်းနေတာလဲ။''
ကိုမောင် ခြုံ ထဲက ဖုတ်ဖတ်ခါကာ ထွက်လာပြီး ဘာမှမဟုတ်သလို ခေါင်းခါပြသည်။
"မင်းဟာကလည်း စီးပွားရေးလုပ်ငန်းပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ခြုံထဲသေးဝင်ပေါက်တာတော့ မဟုတ်သေးပါဘူးကွာ။''
ထင်ရာမြင်ရာဆွဲတွေးနေတဲ့ တင်မြင့် ခေါင်းကိုရိုက်လိုက်သည်။
"မင်းဘာမဟုတ်တာတွေပြောနေတာလဲ တင်မြင့်။''
"ဟာ မင်းကလည်းကွာ မဟုတ်ရင်လည်း မဟုတ်ဘူးပြောပေါ့။ ဘာကြောင့်လက်ပါရတာလဲ ကွ။ အီစိမ့်သွားတာပဲ။''
တင်မြင့် က ရိုက်ခံရတဲ့ သူ့နောက်စေ့ကို ပွတ်နေရင်း ကိုမောင့် ကိုလှမ်းမေးလေသည်။
"ကိုမောင် ငါတို့ ဒီနေ့ ဒေါ်ပုတို့အိမ်သွားမလို့ မင်းလိုက်အုံးမလား။''
"ဘယ်က ဒေါ်ပုတုန်း။ တင်မြင့် ရ။''
"ဟာ မင်းဟာကလည်းကွာ။ အသက်ကဖြင့်ကြီးနေပြီ။ ဒေါ်ပုတို့အိမ်တောင်မသိဘူးလား။ ဒီည ငါတို့နဲ့လိုက်ခဲ့ကွာ။''
YOU ARE READING
သကျထားThetthtar(Complete)
Romance!BL! 1990ခုနှစ် မိန်းကလေးအဝတ်အစားဝတ်ပြီး ယောက်ျားပျက်တစ်ယောက်အနေနဲ့အသက်မွေးရတဲ့ သက်ထား ဆိုသူကောင်လေးကို စီးပွားရေးလုပ်ငန်းပိုင်ရှင် သူဌေးလေး ကိုမောင်ဦး က သဘောကျနှစ်သက်မိသွားတဲ့အခါ... 1990ခုနှစ် မိန်းကလေးအဝတ်အစားဝတ်ပြီး ယောက်ျားပျက်တစ်ယောက်အနေနဲ့အသက...