ကိုမောင် မနေ့ညက ကောင်းမွန်တဲ့အကြံတစ်ခုရခဲ့သည်။ ထိုအကြံကိုအကောင်အထည်ဖော်ရန် မစောင့်နိုင်လောက်အောင်ဖြစ်နေသည်။
"သက်ထား။''
"အလောတကြီးပါလား ကိုမောင်။ ဘာဖြစ်လာတာလဲ။''
ကိုမောင် ခရေပင်အောက်မှာတင်စောင့်မနေနိုင်တော့ဘဲ၊ သက်ထား ကိုတွေ့သည်နှင့် ခပ်ကျဲကျဲခြေလှမ်းတွေနဲ့အတူ မပြေးရုံတမယ် လှမ်းလာသည်။
"သက်ထား ကိုယ့်ဆီမှာအလုပ်လုပ်ချင်လား။''
"ကိုမောင့် ဆီမှာ သက်ထား အလုပ်လုပ်ရမယ်။ ဖြစ်ပါ့မလား ကိုမောင် ရယ်။''
"ဖြစ်တာပေါ့ သက်ထား ရဲ့။ သက်ထား ခုမလုပ်ချင်တော့တဲ့ အလုပ်ကြီးကိုစွန့်ပစ်လိုက်တော့။ ကိုယ် သက်ထား ကိုဆိုင်ခန်းလေးပြန်ငှါးပေးမယ်။ သက်ထား က ကိုယ်မှာတဲ့ အထည်တွေချုပ်ပေးရုံပဲ။''
"ဘယ်လို ဘယ်လို ကိုမောင်။ သက်ထား ကိုပြန်ပြောပါအုံး။''
ကိုမောင် က အသက်ကိုခပ်ဝဝ ရှူသွင်းလိုက်ပြီး အစအဆုံးပြန်ရှင်းပြသည်။
"ခုဝယ်ထားတဲ့ စက်ချုပ်ဆိုင်လေးကို သက်ထား ဆီငှါးပေးမယ်။ ငှါးရမ်းခအဖြစ် ကိုယ့်အပ်ထည်လေးတွေချုပ်ပေးရမယ်။ ဘယ်လိုလဲ သက်ထား သဘောတူလား။''
သက်ထား ရဲ့ မျက်လုံးလေးတွေက အရောင်တလတ်လတ်တောက်နေပေမယ့် တစ်စုံတစ်ခုက်ု စိုးရိမ်နေသလို။
"သက်ထား အဖေ သဘောတူပါ့မလား မသိဘူး ကိုမောင် ရယ်။''
"သက်ထား မှာ အဖေရှိတာလား။''
ကိုမောင် အံသြသွားသည်။ အစက သက်ထား ကိုမိဘမဲ့တစ်ယောက်ဟု ထင်နေတာဖြစ်သည်။ ကိုမောင် အကြောင်းအရာတွေသိပ်မစဉ်းစားနေတော့၊ အဓိက သူ့ချစ်ရသူ သက်ထားလေး ရဲ့ဆုတောင်းကိုဖြည့်ဆည်းပေးဖို့ဖြစ်သည်။
"မစိုးရိမ်ပါနဲ့ သက်ထား ငယ်။ ကိုယ် လိုက်ပြောပေးမယ်။''
"ဖြစ်ပါ့မလား ကိုမောင် ရယ်။ သက်ထား စိုးရိမ်မိတယ်။''
သက်ထား ရဲ့ ပခုံးပေါ် လက်တင်လိုက်ကာ နဖူးချင်းတေ့ဆိုင်ရင်း စိတ်မပူရန် နှစ်သိမ့်ပေးလိုက်သည်။
YOU ARE READING
သကျထားThetthtar(Complete)
Romance!BL! 1990ခုနှစ် မိန်းကလေးအဝတ်အစားဝတ်ပြီး ယောက်ျားပျက်တစ်ယောက်အနေနဲ့အသက်မွေးရတဲ့ သက်ထား ဆိုသူကောင်လေးကို စီးပွားရေးလုပ်ငန်းပိုင်ရှင် သူဌေးလေး ကိုမောင်ဦး က သဘောကျနှစ်သက်မိသွားတဲ့အခါ... 1990ခုနှစ် မိန်းကလေးအဝတ်အစားဝတ်ပြီး ယောက်ျားပျက်တစ်ယောက်အနေနဲ့အသက...