Part 15♥

1.8K 154 17
                                    

နွယ်နီ က သူ့ရဲ့ ကိုယ်လေးကို လက်နဲ့ ဖုံးအုပ်ထားမိသည်။ နာကျင်မှုတွေက မျက်ဝန်းထဲကမျက်ရည်စအဖြစ် ပြောင်းလဲကုန်သည်။ ဦးဥက္ကာယံ က နွယ်နီ့ ရဲ့ ရှက်ကာနာကျင်နေတဲ့ မျက်နှာလေးနဲ့ သူ့ကိုယ်ကို လှောင်ပြုံးဖြင့် အချိန်အတန်ကြာအောင် စိုက်ကြည့်နေသည်။

နွယ်နီ့ ဒူးတွေခွေကာ ယိုင်လဲတော့မလ်ုဖြစ်နေသည်။ ထိုအခါမှ ဦးဥက္ကာယံ က ဗီရိုထဲက အဝတ်တစ်စုံထုတ်ပေးသည်။

"အဲ့တာကို ဝတ်လိုက်။''

နွယ်နီ ဖြန့်ကြည့်လိုက်တဲ့အခါ ထိုအရာက ယောက်ျားလေးအဝတ်အစားတွေဖြစ်နေသည်။ အဖြူရောင်ရှပ်အင်္ကျီနှင့် အဝါရောင်ချည်သားဘောင်းဘီတိုလေးဖြစ်သည်။

"နွယ် နွယ်နီ ဒါကိုဝတ်ရမှာလား။''

"အဲ့တာကို မဝတ်လို့၊ ဘာကိုဝတ်ချင်တာလဲ။''

ထူးဆန်းစွာ အင်္ကျီရော ဘောင်းဘီရောက နွယ်နီ နဲ့ အံကိုက်ဖြစ်နေသည်။ ဦးဥက္ကာယံ ၏ အဝတ်အစားတော့လုံးဝမဟုတ်ချေ။ မှန်ရှေ့မှ အခြားတစ်ယောက်လိုပြောင်းလဲသွားတဲ့ ကိုယ့်ကိုယ်ကို ကြည့်နေမိသည်။

ယောက်ျားလေး ပုံစံနှင့်လုံးဝနေသားမကျပေ။

ဦးဥက္ကာယံ က နွယ်နီ့ ပခုံးပေါ်လက်တင်လိုက်ကာ နားနောက်တိုးကပ်ရင်း အသံခပ်ရှရှနှင့်ပြောသည်။

"ဘယ်လိုလဲ သဘောကျရဲ့လား။ ယောက်ျားပျက်အပြင် အခြောက် ဆိုတဲ့ ဂုဏ်ပုဒ်ပါရသွားလို့။''

ဦးဥက္ကာယံ စကားက ဒဏ်ရာတွေနှင့်နှလုံးသားလေးကို ဆိပူထပ်လောင်းလိုက်သည်နှင့်တူသည်။ မှန်ထဲကို ပြန်ကြည့်လိုက်တဲ့အခါ ယောက်ျားလေးပုံစံပေမယ့် ကနွဲ့ကလျ။

ဦးဥက္ကာယံ ပြောသည့် အခြောက် ဆိုသည့် ဂုဏ်ပုဒ်နှင့်လုံးဝ ထိုက်တန်နေသည်။

"ဒါပေမယ့် ကိုယ်ခေါ်ချင်တဲ့ ညီ ဆိုတဲ့ စကားလုံးလေးက ခုလိုပုံနဲ့ပိုလိုက်တယ်။ ဟုတ်တယ်မလား ညီ။''

ညီ ဆိုသည့် နမည်လေးက နွယ်နီ့ ကို ငယ်ဘဝဆီ ပြန်လည်ဆွဲခေါ်နေခဲ့သည်။

တစ်ချိန်က နွယ်နီ့ ပုံစံမှာ မှန်ထဲကကောင်လေးအတိုင်းပင်။

သကျထားThetthtar(Complete)Where stories live. Discover now