Part 13♥

1.8K 147 27
                                    

ညနေ ၅နာရီဆို ပြဇာတ်စပြီမို့ ၄နာရီခွဲ နေမဝင်မီ အချိန်တည်းက နေရာသွားယူရသည်။ ပြဇာတ်စင် အောက်တွင် ခင်းကျင်းထားသည့် အလယ်ရှေ့ဆုံးက သက်ထား တို့နေရာဖြစ်သည်။

ကိုမောင် က သက်ထား မထိုင်မီ ဖျာပေါ်တွင် ဖဲသားအောက်ခင်းထပ်ခင်းပေးသည်။

"ဟယ် ကိုမောင် ရယ်။ ရပါတယ်။''

သက်ထား ရ ပေမယ့် ကိုမောင် ကတော့ မရ။ သက်ထား ကို ဖဲသားပေါ်သာထိုင်ခိုင်းသည်။

"ညဆို ဖျာက အအေးဓာတ်ကြောင့် အေးလာလိမ့်မယ် သက်ထား ရဲ့။''

"ဒါဆို ကိုမောင် လဲ ထိုင်လေ။''

ကိုမောင် က သူ့လက်မောင်းက မာဆယ်တွေ ထုတ်ကြွားကာ ယောက်ျားလေးဖြစ်တာမို့ မလိုကြောင်းပြောသည်။

"ဟော ကိုမောင် ရယ်။ သက်ထား လည်း ယောက်ျားလေးပါပဲ။''

"သက်ထား က ယောက်ျားလေးမှန်ပေမယ့်၊ ကိုမောင့် မျက်လုံးထဲမှာတော့ ကိုမောင် ဂရုစိုက်ပေးသင့်တဲ့ သူတစ်ယောက်မို့ပါ။''

သက်ထား ပြုံးရုံလေးသာပြုံးလိုက်သည်။ တန်ဖိုးထားခံရခြင်းဆိုသည်မှာ ယခုကဲ့သို့ ခံစားချက်မျိုးသည်လား။

အိတ်ထဲက ယူလာတဲ့ ဖရုံစေ့အထုတ်လေးထုတ်လိုက်သည်။
သက်ထား က သွေးကျတတ်သူမို့ နေကြာစေ့ စားမရ။ ကိုမောင် က ရွှေကြည်၊ ကောက်ညှင်းရွှေကြည်နဲ့ လိမ္မော်ဖျော်ရည်ယူလာသည်။

"သက်ထား ရွှေကြည်လေးစားကြည့်ပါအုံး။''

သက်ထား က ရွှေကြည် မကြိုက်သော်လည်း၊ ချစ်ရသူက ကိုယ်တိုင်ခွံ့ကျွေးနေသည်မို့ စားလိုက်သည်။

"ကောင်းရဲ့လား သက်ထား။ လမ်းထိပ်က ဒေါ်အမာမြင့် ရဲ့ အကောင်းဆုံးရွှေကြည်နော်။''

"ကောင်းပါ့ ကိုမောင် ရဲ့။ ဒါမယ့် အချိုကဲတယ်နော်။''

ကိုမောင် က သက်ထား ကို ခွံ့ကျွေးထားသည့် ဇွန်းနှင့်ပင် ဖဲ့ယူစားလိုက်သည်။

"ဟယ်တော့် အဲ့တာ သက်ထား စားပြီးသား ဇွန်းကြီးလေ။''

"ဘာလို့လဲ သက်ထား ရဲ့။ ချစ်ရသူရဲ့ ဇွန်းပဲ ရွံစရာရှိလို့လား။ ဟုတ်တယ်နော် အချိုကဲတယ်။ ဒါပေမယ့် သက်ထား ပေါ်ထားတဲ့ ကိုယ့် အချစ်လောက် ချိုနိုင်ပါ့မလား။''

သကျထားThetthtar(Complete)Where stories live. Discover now