အိမ်မက်မှ လန့်နိုးချိန် ''အန်ကယ်ယံ။'' ဆိုသည့် ခေါ်သံနုနုလေး နားထဲဆွဲနေခဲ့သည်။ မရှိတော့မှ နောင်တရသည်မို့ အချိန်နှောင်းပြီ။
စီးကရက်ဘူးအားယူကာ လေသာဆောင်ဘက်ထွက်လာပြီး မီးညှိလိုက်သည်။ မနက်အာရုံမတက်ခင် ည နှင့် နေ့ ကြားအချိန်အခါယံ။
နေသည်လည်း မထွက်သေးသလို လ သည်လည်းရှိမနေတော့။ ကောင်းကင်ယံ က မည်းမည်းမှောင် အထီးကျန်ဆန်လွန်းသည်။ ယခုသူ့ကဲ့သို့။
နွယ်နီ့ အပေါ် မကောင်းခဲ့မှုများပြန်တွေးမိကာ စိတ်နာနာဖြင့် စီးကရက်အားဖွာရင်း အငွေ့တွေကိုဘေထဲပန်ထုတ်လိုက်သည်။ ရင်ထဲ နာနာကျင်ကျင် ကျန်ခဲ့သည့် အစိတ်အပိုင်းတွေ။
ငိုချင်နေသည်ပဲလား၊ မိမိကိုယ်ကိုယ် သနားနေခြင်းသည်ပဲလား။ နှစ်ခုစလုံးပါပင် တန်ဖိုးထား ချစ်သော်လည်း ထိုအရာကို မပြသပေးနိုင်ခဲ့၊ ထိုအစား ဒဏ်ရာတွေတစ်ခုစီသာပေးနေမိသည်။
အောက်ကို ငုံ့ကြည့်လိုက်သည့်အခါ နှစ်ထပ်တိုက်မှာ အရမ်းမမြင့်ကြောင်းခန့်မှန်းမိသည်။ သို့သော် ဒေါ်တိုး ပြုတ်ကျစဉ်အခါက သေဆုံးသွားခဲ့ရသည်။ သူပြုတ်ကျသွားမည်ဆိုလျှင်ရော........
ဤဘဝမှ ပေးခဲ့သည့် ဒဏ်ရာများအတွက် နောက်ဘဝတွင် ပေးဆပ်ချင်သည်။ နွယ်နီ ခွင့်လွှတ်သည်အထိ နောက်မှလိုက်ကာ တောင်းပန်မည်။ စီးကရက် တစ်ရှိုက်အားဖွာလိုက်ရင်း ဝရံတာမှ နောက်ကျောပေး ပက်လက်လှန်ချလိုက်သည်။
"နွယ်နီ ကိုယ် ဖခင်ကောင်း၊ ခင်ပွန်းကောင်း တစ်ယောက်မဖြစ်ချင်ဘူး။ မင်းဘေးမှာနေပြီး ပေးဆပ်ခွင့်ပြုပါ။''
လေထဲဝဲပျံသွားသည့် မျက်ရည်စအချို့နှင့် နေထွက်လာကာရောင်နီသန်းလာည့် ကောင်းကင်ကြီးအောက်ဝယ် နွယ်နီ့ နောက်လိုက်သွားရန်သာ ဆန္ဒရှိတော့သည်။
...ဆိုင်တံခါးတွင် တပ်ထားသည့် ခေါင်းလောင်းလေး လှုပ်ခတ်ကာ အသံမြည်လာတာကြောင့် သက်ထား စက်ချုပ်နေရာက ထလာခဲ့သည်။ တုတ်ကောက်နှင့် ရုပ်ရည်သန့်သန့်ပြန့်ပြန့် အန်ကယ်ကြီးတစ်ယောက်။
"ဟုတ်ကဲ့ မင်္ဂလာပါ အန်ကယ်။ ထိုင်ပါအုံး။''
သက်ထား ရဲ့ ရို့ကျိုးစွာ နှုတ်ဆက်မှု ပယ်ချခံလိုက်ရသည်။
YOU ARE READING
သကျထားThetthtar(Complete)
Romance!BL! 1990ခုနှစ် မိန်းကလေးအဝတ်အစားဝတ်ပြီး ယောက်ျားပျက်တစ်ယောက်အနေနဲ့အသက်မွေးရတဲ့ သက်ထား ဆိုသူကောင်လေးကို စီးပွားရေးလုပ်ငန်းပိုင်ရှင် သူဌေးလေး ကိုမောင်ဦး က သဘောကျနှစ်သက်မိသွားတဲ့အခါ... 1990ခုနှစ် မိန်းကလေးအဝတ်အစားဝတ်ပြီး ယောက်ျားပျက်တစ်ယောက်အနေနဲ့အသက...